Saturday, July 25, 2026

စီးပွားရေးအဖွဲ့အစည်းတစ်ခုထက်ပိုသော MYANWEN ရဲ့ ၅...

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းအားမြှင့်တင်ခြင်း၊ MSME ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ခြင်းနှင့် တည်တံ့ခိုင်မြဲသော စီးပွားရေးဂေဟစနစ်ဝန်းကျင် တည်ဆောက်နိုင်ရေးတို့အတွက် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ...

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့်...

မူဆယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅...

မူဆယ်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား...

AWPT ၊ MIP ၊...

ပြည်ပမှ ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရမီ ဆိပ်ကမ်းနှင့် လေဆိပ်သို့ တင်သွင်းလာသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများအား အရေးယူနိုင်ရေး စီမံခန့်ခွဲရေးအဖွဲ့၊ လေလံတင်ထုခွဲရောင်းချရေး လုပ်ငန်းအဖွဲ့မှ AWPT၊...
HomeNewsLocal Newsမြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN)...

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ရဲ့ (၅) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

ယနေ့ ဂျူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs Network – MYANWEN) ၏ (၅) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပခဲ့သည်။

အခမ်းအနားသို့ အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၏ဇနီး၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များ၊ နိုင်ငံတကာ ကုန်သွယ်စက်မှုအသင်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ MYANWEN မှ တာဝန်ရှိသူများနှင့် အသင်းဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာ ပါဝင်တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်မှ အမျိုးသမီးများရဲ့စီးပွားရေးဆိုင်ရာ စွမ်းဆောင်မှုဟာ ပိုမိုအရေးကြီးလာကြောင်းနှင့် လမ်းညွှန်ချက်များအရ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ကျေးလက်မှာရှိတဲ့အမျိုးသမီးများ ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်‌ပေးသွားရမှာဖြစ်ကြောင်း၊ အမျိုးသမီး‌တွေရဲ့စွမ်း‌ဆောင်ရည်မြှင့်တင်‌ပေးခြင်းသည် အမျိုးသမီးတစ်ယောက်ချင်းစီရဲ့အောင်မြင်မှုကိုသာ ဖန်တီးပေးခြင်းမဟုတ်ဘဲ မိသားစု၊ လူမှုအသိုက်အဝန်းနဲ့ နိုင်ငံစီးပွားရေးကဏ္ဍကိုပါ တည်ဆောက်ပေးခြင်းဖြစ်သည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှလည်း ဗီဒီယိုဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌ ဦးအေးဝင်းမှ MYANWEN အသင်းဟာ သက်တမ်းအားဖြင့် နုနယ်သေးသော်လည်း ၅ နှစ်တာ ကာလအတွင်း အမျိုးသမီးလုပ်ငန်းရှင်များရဲ့စွမ်းဆောင်ရည်မြှင့်တင်နိုင်ခဲ့ခြင်းကို အသိအမှတ်ပြု ဂုဏ်ယူကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် ဥက္ကဌ ဒေါက်တာစုလှဟန်မှ ယနေ့အစည်းအဝေးသည် အစီရင်ခံစာတင်ပြရုံသာမဟုတ်ဘဲ ပိုမိုကြီးမားတဲ့အိမ်မက်တွေကို အတူတကွ ဆက်လက်ရေးဆွဲရန်၊ ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်သွားရန်၊ MYANWEN ရဲ့လှုပ်ရှားမှုများ ပိုမိုအားကောင်းလာစေရန် တည်ဆောက်တဲ့နေ့ဖြစ်ကြောင်း၊ MYANWEN ရဲ့၅ နှစ်တာဖြတ်သန်းမှုတွင် အမျိုးသမီးလုပ်ငန်းရှင်များရဲ့အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့ခရီးလမ်းတစ်ခုဖြစ်ကြောင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားတွင် လုပ်ငန်းအသီးသီးမှ ကဏ္ဍအလိုက် အစီရင်ခံစာများဖတ်ကြားတင်ပြကာ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ထူးချွန်ခဲ့သည့် အမျိုးသမီးလုပ်ငန်းရှင်များကို ဆုများအသီးသီးပေးအပ်ခြင်းနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အောင်မြင်စွာပြီးမြောက်ခဲ့သည်။

MYANWEN သည် စတင်တည်ထောင်ခဲ့ချိန်မှစ၍ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ MSME ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကွန်ရက်ချိတ်ဆက်မှုများ တိုးချဲ့ရေး၊ ဈေးကွက်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံ၏ ပိုမိုပါဝင်နိုင်သော (Inclusive) နှင့် တည်တံ့ခိုင်မြဲသော (Sustainable) စီးပွားရေးဂေဟစနစ်ဝန်းကျင် တည်ဆောက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စီးပွားရေးအဖွဲ့အစည်းတစ်ခုထက်ပိုသော MYANWEN ရဲ့ ၅ နှစ်တာကာလအတွင်း အောင်မြင်ခဲ့သည့် မှတ်တိုင်များ

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းအားမြှင့်တင်ခြင်း၊ MSME ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ခြင်းနှင့် တည်တံ့ခိုင်မြဲသော စီးပွားရေးဂေဟစနစ်ဝန်းကျင် တည်ဆောက်နိုင်ရေးတို့အတွက် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs Network - MYANWEN) ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ MYANWEN သည် ယခုအချိန်တွင် တိုင်းဒေသကြီး/ ပြည်နယ် (၅) ခု၌ အခြေစိုက်နိုင်ခဲ့ပြီး အသင်းဝင်ပေါင်း ၇၀၀ ကျော်ဖြင့် အရှိန်အဟုန်တိုးတက်လျက်ရှိကာ အသေးစား၊ အလတ်စားနှင့် အငယ်စား...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် တရားဝင် သတ်မှတ်ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်မြောက်ပိုင်း၏ တစ်ခုတည်းသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် အဆိုပါ ဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စပ်အုံကြာက အနောက်တိုင်း ဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ စော်ဘွားကြီး စဝ်ကြာဆိုင်မိသားစု နေထိုင်ခဲ့ဖူးကာ နောက်ပိုင်းတွင်...

မူဆယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅ ဦးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မူဆယ်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦး စုစုပေါင်း ၅၅ ဦးကို ဇူလိုင် ၂၄ ရက်က စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်သည် ဇူလိုင် ၂၄ ရက်က လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၂)လမ်းရှိ နေအိမ်နှစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှ စုစုပေါင်း ၄၄ ဦးကို All In One ကွန်ပျူတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071