မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။
အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးဖြစ်ပေါ်တိုးတက်မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ဒေသတွင်း စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအသိုက်အဝန်းထူ ထောင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးတက်ရောက်လာကြသူများက ဒေသတွင်းစွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသရောက်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေး၊ ပထ ဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် ရေ နံထောက်ပံ့မှုနှင့် ဈေးနှုန်းမတည်ငြိမ်မှု၏သက်ရောက်မှုများကို စီမံခန့်ခွဲရန်နှင့် လျော့ပါးသက်သာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် လတ်တလော ပထဝီနိုင်ငံရေး အကျပ်အတည်းများမှရရှိသည့် သင် ခန်းစာများ၊ အာဆီယံအသိုက်အဝန်းထူထောင်ရာတွင် ဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံနှင့် ပြင်ပမိတ်ဖက်များကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဆွေး နွေးခဲ့ကြသည်။
အမြဲတမ်းအတွင်းဝန်သည် အာဆီယံနိုင်ငံခြားရေးဝန်လကြီးများအစည်းအဝေး၊ (၃၁)ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်း အဝေး၊ (၃၈)ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးဝန်ကြီးများပူးတွဲအစည်းအဝေးတို့ကိုလည်းတက်ရောက်ခဲ့သည်။
အစည်းအဝေးရလဒ်များအဖြစ် ပင်လယ်ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ စားနပ်ရိက္ခာနှင့် စွမ်း အင်လုံခြုံရေး၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ ရွှေ့ပြောင်းလုပ်သားများအရေး၊ အာဆီယံမဏ္ဍိုင်(၃)ရပ်ရှိ ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန်လုပ်ငန်းစဉ်များ၊ ကတိက ဝတ်များပါဝင်သည့် စာရွက်စာတမ်းပေါင်း(၁၈)ခုကို မှတ်တမ်းတင်အတည်ပြုထုတ်ပြန်ခဲ့သည်။
