Home Movies တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည်၊ အာဆီယံအလံနှင့် အထိမ်းအမှတ်တံဆိပ်ကို ပြင်ဆင်အတည်ပြုအာဆီယံ၏ (၁၁) ခုမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့် တီမောလက်စတီး...

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည်၊ အာဆီယံအလံနှင့် အထိမ်းအမှတ်တံဆိပ်ကို ပြင်ဆင်အတည်ပြုအာဆီယံ၏ (၁၁) ခုမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့် တီမောလက်စတီး နိုင်ငံ (အရှေ့တီမော) သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး ၄ နှစ်အကြာ ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

0
161

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြသည်။

အမှတ်တံဆိပ် ပြင်ဆင်ခြင်း

တီမောလက်စတီး နိုင်ငံ က အဖွဲ့ဝင်ဖြစ်လာမှုကို ထင်ဟပ် ဖေါ်ပြနိုင်စေရန် အာဆီယံအလံနှင့် အထိမ်းအမှတ်တံဆိပ်  တို့ကို အသစ်ပြင်ဆင် သတ်မှတ်ခဲ့သည်။

ပံ့ပိုးကူညီမှု

တီမောလက်စတီး အနေဖြင့် ဒေသတွင်း သဘောတူညီချက်များတွင် အပြည့်အဝ ပါဝင်လာနိုင်ရေးနှင့် အဖွဲ့ဝင်အဖြစ် ပေါင်းစည်းရေး လုပ်ငန်းစဉ်များကို အာဆီယံနိုင်ငံများက ဆက်လက်ပံ့ပိုးကူညီသွားရန် အတည်ပြုခဲ့ကြသည်။

လက်ရှိ အာဆီယံမူဘောင်အတွင်း အခြေအနေ

ယခု (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်မူ တီမောလက်စတီ ၏ အဖွဲ့ဝင်ဖြစ်မှုနှင့် ဥက္ကဋ္ဌတာဝန်ယူမည့်ကိစ္စများကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး (မြန်မာအပါအဝင်) က ဆွေးနွေးအတည်ပြုခဲ့ကြခြင်းဖြစ်သည်။ တီမောနှင့်မြန်မာ သည် သံတမန်ရေးရာ တင်းမာမှုများရှိနေသော်လည်း အာဆီယံအဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံများအကြား ထိတွေ့ဆက်ဆံရသည့် လုပ်ထုံးလုပ်နည်းများအတိုင်းဆက်ဆံနေခြင်းဖြစ်ကြောင်း တွေ့ရပါသည်။

Ref: season

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here