Sunday, May 10, 2026

တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ ပိုမိုခန့်ထားနိုင်ရေး...

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအသင်းအဖွဲ့များနှင့် တွေ့ဆုံမှု ယမန်နေ့က တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဂုဏ်ပြုချီးမြှင့်မှုအဆိုပါတွေ့ဆုံပွဲတွင်...

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ကျောက်မျက်ပြတိုက်ကို ငလျင်ဒဏ်ခံစံချိန်စံညွှန်းများနှင့်အညီ...

ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေးမှု မေလ ၉ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြတိုက်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဓိကစစ်ဆေးမှု ပြတိုက်အဆောက်အအုံ၏...

ငွေဆောင်လူရည်ချွန်စခန်း၏ စခန်းသိမ်းမီးပုံပွဲ အခမ်းအနား ကျင်းပ

လူရည်ချွန်စခန်း(ငွေဆောင်)စခန်းသိမ်းမီးပုံပွဲ အခမ်းအနားကို မေလ ၉ရက်နေ့ညက ​ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။  အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌလွှတ်တော်ဒုတိယဥက္ကဌ ၊နှင့် ပညာရေးဝန်ကြီးဌာနမှ...

မင်းဘူးခရိုင်တွင် ဝါဧက ၄၃,၀၀၀ ကျော်ဖြင့်...

စီမံကိန်းအသေးစိတ်စိုက်ပျိုးမည့်ဧရိယာမင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅) ခုတွင် ဝါသီးနှံမျိုးစုံ စုစုပေါင်း ၄၃,၂၇၉ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။ ရည်ရွယ်ချက်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဝါအရည်အသွေး ကောင်းမွန်ပြီး ချည်ချောအဆင့်အထိ...
HomeMoviesမြန်မာရိုးရာယဥ်ကျေးမှုအနုပညာလက်ရာများကိုခင်း ကျင်းပြသခဲ့သည့် Seoul...

မြန်မာရိုးရာယဥ်ကျေးမှုအနုပညာလက်ရာများကိုခင်း ကျင်းပြသခဲ့သည့် Seoul Friendship Festival  2026

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အစိုးရ၏စီစဉ်မှုဖြင့် Seoul Friendship Festival 2026 ကို မေ ၉ ရက်ကကျင်းပရာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးတက်ရောက်ခဲ့သည်။

ထို့ပြင် မြန်မာသံရုံးမှလည်း Embassy Zone ၌ မြန်မာ့ရိုးရာယဥ်ကျေးမှုအနုပညာလက်ရာများ၊ မြန်မာရိုးရာယဉ်ကျေးမှုပစ္စည်းများနှင့် အမှတ်တရလက်ဆောင်ပ စ္စည်းများကိုလည်း ခင်းကျင်းပြသရောင်းချပေးခဲ့သည်။

အဆိုပါ Seoul Friendship Festival 2026 ကို ဆိုးလ်မြို့ရှိ Dongdaemun Design Plaza (DDP)တွင် နိုင်ငံပေါင်း (၇၂)နိုင်ငံမှပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် နှစ်(၃၀)ပြည့်ကာလနှင့်တိုက်ဆိုင်သဖြင့် “30 Years with the World, Bridging  Culture Together” ခေါင်းစဉ်ဖြင့် (၂)ရက်ကြာကျင်းပနေခြင်းဖြစ်သည်။   

ထို့ပြင် Seoul Friendship Festival 2026 သည် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ နှစ်စဉ်ကျင်းလျက်ရှိသော နိုင်ငံ တကာယဉ်ကျေးမှုဆိုင်ရာပွဲတော်များအနက် အကြီးမားဆုံးယဉ်ကျေးမှုဖလှယ်ခြင်းအစီအစဉ်တစ်ခုဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ ပိုမိုခန့်ထားနိုင်ရေး ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိတိုင်းရင်းသားဒေသများရှိ ကျောင်းသူ၊ ကျောင်းသားများ မိခင်ဘာသာစကားဖြင့် ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ တိုးမြှင့်ခန့်ထားနိုင်ရေးကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအသင်းအဖွဲ့များနှင့် တွေ့ဆုံမှု ယမန်နေ့က တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဂုဏ်ပြုချီးမြှင့်မှုအဆိုပါတွေ့ဆုံပွဲတွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ကချင်၊ လီဆူ၊ ကိုးကန့်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များကို ဝန်ကြီးဌာနမှ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ရည်ရွယ်ချက်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် စာပေသင်ကြားရေးကဏ္ဍတွင် ကြုံတွေ့နေရသည့် ဆရာ/ဆရာမ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်သည်။ လက်ရှိခန့်ထားမှု အခြေအနေ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ထောက်ကူ (Teaching...

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ကျောက်မျက်ပြတိုက်ကို ငလျင်ဒဏ်ခံစံချိန်စံညွှန်းများနှင့်အညီ အကြီးစားပြုပြင်နေမန္တလေးငလျင်ကြီးဒဏ်ကြောင့် အဆောက်အအုံပိုင်းဆိုင်ရာ ပျက်စီးမှုများရှိခဲ့သည့် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်ကို နောင်တွင် သဘာဝဘေးအန္တရာယ်ဒဏ် ခံနိုင်ရည်ရှိစေရန်အတွက် အကြီးစား ပြုပြင်တည်ဆောက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေးမှု မေလ ၉ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြတိုက်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဓိကစစ်ဆေးမှု ပြတိုက်အဆောက်အအုံ၏ အခြေခံဖောင်ဒေးရှင်းနှင့် တိုင်၊ ရက်မများ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့သည်။ လမ်းညွှန်ချက် ပြတိုက်သည် နိုင်ငံတော်၏ အဖိုးတန်ရတနာများကို ထိန်းသိမ်းထားရာနေရာဖြစ်၍ ပြုပြင်တည်ဆောက်ရာတွင် သတ်မှတ်ထားသည့် ငလျင်ဒဏ်ခံစံချိန်စံညွှန်း (Earthquake Resistant Standard) များနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။ ပြတိုက်၏ အခန်းကဏ္ဍ နေပြည်တော် ကျောက်မျက်ရတနာပြတိုက်သည် မြန်မာ့မြေမှ ထွက်ရှိသည့် ကမ္ဘာကျော်...

ငွေဆောင်လူရည်ချွန်စခန်း၏ စခန်းသိမ်းမီးပုံပွဲ အခမ်းအနား ကျင်းပ

လူရည်ချွန်စခန်း(ငွေဆောင်)စခန်းသိမ်းမီးပုံပွဲ အခမ်းအနားကို မေလ ၉ရက်နေ့ညက ​ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။  အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌလွှတ်တော်ဒုတိယဥက္ကဌ ၊နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန်မောင်/မယ်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ကြသည်။ ထို့နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က စခန်းသိမ်းပွဲအမှာစကားပြောကြား၍ လူရည်ချွန် မောင်/မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မီးညှိ၍ မီးပုံပွဲစတင်ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူရည်ချွန်မောင်/မယ်များနှင့်အတူ မီးပုံပွဲပါဝင်ဆင်နွှဲခဲ့ကြသည်။                ထို့နောက် မေလ ၉ရက် ညနေ၆နာရီခွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စခမ်းပိတ်သိမ်းကြောင်း ကြေညာ၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071