မြန်မာနိုင်ငံမြောက်ပိုင်းတွင် လှုပ်ရှားသည့် ရာဇဝတ်ဂိုဏ်းဝင် ၂၁ ဦးကို လိ-မ်လ-ည်မှု၊ လူသ-တ်မှု၊ ထိခို-က်ဒ-ဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်/ဆက်ကြေးတောင်းမှု၊ ကာစီနိုလောင်းကစားရုံဖွင့်လှစ်မှု၊ ပြည့်တန်ဆာလုပ်ငန်းလုပ်ဆောင်မှုနှင့် အတင်းအကျပ်ပြည့်တန်ဆာလုပ်ခိုင်းမှု၊ တရားမဝင်ဖမ်းဆီးထိန်းသိမ်းမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ထုတ်လုပ်မှုများပါဝင်သော စွဲချက်များဖြင့် တရုတ်နိုင်ငံတောင်ပိုင်းရှိ တရားရုံးတစ်ခုကတရားစွဲဆိုလိုက်သည်။
ယင်းရာဇဝတ်ဂိုဏ်းနှင့်ပတ်သက်သည့် အဓိကတရားစွဲဆိုမှု၏ မူလတရားစီရင်မှုကို ဂွမ်ဒေါင်းပြည်နယ်ရှိ ရှန်ကျန်းပြည်သူ့တရားရုံးတွင် စက်တင်ဘာလ ၁၉ ရက် နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
ရှန်ကျန်း အစိုးရအမှုလိုက်များအဖွဲ့က ပေစောချိုင်နှင့် ပေယင်ချင်းတို့ ခေါင်းဆောင်သော ဂိုဏ်းဝင်များသည် ၂၀၀၉ ခုနှစ် ဩဂုတ်လမှစ၍ မြန်မာနိုင်ငံ ကိုးကန့်ဒေသတွင် ပေမိသားစု၏ သြဇာအာဏာကို အခွင့်ကောင်းယူပြီး အဆောက်အအုံ ၄၁ ခု တည်ဆောက်ခဲ့ကာ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်သူများကို လက်နက်ကိုင်၍ အကာအကွယ်ပေးခဲ့ကြောင်း စွဲချက်တင်ခဲ့သည်။
အဆိုပါဂိုဏ်းသည် အကာအကွယ်ပေးထားသူများနှင့် ပူးပေါင်းကြံစည်ပြီး တယ်လီကွန်းလိ-မ်လ-ည်မှု၊ လူသ-တ်မှု၊ ထိခို-က်ဒ-ဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်/ဆက်ကြေးတောင်းမှု၊ ကာစီနိုလောင်းကစားရုံဖွင့်လှစ်မှု၊ နယ်စပ်ဖြ-တ်ကျော်မှုဂိုဏ်းဖွဲ့ လှုပ်ရှားမှုနှင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ဆောင်မှုနှင့် အတင်းအကျပ်ပြည့်တန်ဆာလုပ်ခိုင်းမှုစသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ ယင်းတို့ကြောင့် တရုတ်နိုင်ငံသား ၆ ဦး ေ-သဆုံးကာ များစွာသောသူများ ဒ-ဏ်ရာရရှိခဲ့ကြောင်း အမှုလိုက်အဖွဲ့က ပြောကြားခဲ့သည်။ ၎င်းတို့ပြုလုပ်ခဲ့သော လောင်းကစားနှင့် လိ-မ်လ-ည်မှုဆိုင်ရာ ငွေကြေးပမာဏသည် ယွမ်ငွေ ဘီလျံ ၂၀ ကျော် (အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံခန့်) ရှိခဲ့ကြောင်းသိရသည်။
ပေယင်ချင်းသည် အခြားသူများနှင့် ပူးပေါင်း၍ မက်သာဖက်တမင်း ၁၁ တန်ခန့် ကို မှောင်ခိုကုန်ကူးခြင်းနှင့် ထုတ်လုပ်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
အပြစ်ရှိ/မရှိကို လာမည့် ရုံးချိန်းတွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားစီရင်ရေးကြားနာမှုများသို့ ပြည်သူ့ကွန်ဂရက်လွှတ်တော် အမတ်များ၊ နိုင်ငံရေးအကြံပေးများ၊ တရားခံများ၏ ဆွေမျိုးများနှင့် ပြည်သူများအပါအဝင် လူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
Source-ရှင်းဟွာ
