ဧရာဝတီတိုင်းမှ ရေဘေးသင့်သူများအတွက် မြန်မာပြည်ဖွားတရုတ်မျိုးနွယ်လူမှုကူညီရေးအဖွဲ့အပါအဝင် အလှူရှင်များက အလှူငွေနှင့် စားသောက်ကုန်များကို ယနေ့ စက်တင်ဘာ ၁၅ ရက်ကလှူ ဒါန်းခဲ့ကြကြောင်း သိရသည်။
မြန်မာပြည်ဖွားတရုတ်မျိုးနွယ်လူမှုကူညီရေးအဖွဲ့က ငွေကျပ်သိန်း(၂,၆၀၀)ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား ၊ တာပေါ်လင်မိုးကာများ၊ Supreme Trading Co.Ltd က အလှူငွေကျပ်(၁၃၅)သိန်း၊ ဦးထွန်းကြည်+ဒေါ်ဟော်လင်လန့်(ဘက်စုံမွေးမြူရေး)က အလှူငွေကျပ်သိန်း (၃၀)နှင့် ဘဲဥ(၅,ဝဝဝ)လုံးတို့ကိုလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ၊ တာ ပေါ်လင်မိုးကာများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။
