Sunday, September 6, 2026

စက်တင်ဘာ ၇ ရက်မှ ၁၀...

ရန်ကုန်၊ စက်တင်ဘာ ၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း...

ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေရေး...

နေပြည်တော်၊ စက်တင်ဘာ ၆ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများကို ပိုမိုအဆင်ပြေစွာ ရရှိနိုင်စေရန်အတွက် ပြည်သူ့ဆေးရုံများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆေးကောင်စီနာယက ပါမောက္ခ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည်...

စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းကြောင့် ဘန်ကောက်မြို့ ငလျင်အန္တရာယ်...

​မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ပိုင်းအပိုင်းဟာ ခန့်မှန်းခြေ နှစ် ၁၀၀ လည်ပတ်မှုစက်ဝန်း ကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တာကြောင့် အကယ်၍သာ အဲဒီကနေ အင်အားပြင်း ငလျင်လှုပ်ခတ်လာရင်...
HomeNewsLocal Newsမြန်မာနေရှင်နယ်လိဂ် အမျိုးသား/အမျိုးသမီးရာသီသစ်ပြိုင်ပွဲ Chief...

မြန်မာနေရှင်နယ်လိဂ် အမျိုးသား/အမျိုးသမီးရာသီသစ်ပြိုင်ပွဲ Chief Operating Officer-COO အဖြစ် ဦးစည်သူဝင်းနှင့် ဦးမိုးဝေအောင်တို့ကို ခန့်အပ်

မြန်မာနေရှင်နယ်လိဂ် အမျိုးသား /အမျိုး သမီးရာသီသစ်ပြိုင်ပွဲအတွက် Chief Operating Officer-COO များအဖြစ် ဦးစည်သူဝင်းနှင့် ဦးမိုးဝေအောင်တို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ သိရသည်။

ဦးစည်သူဝင်းသည် MNL အမျိုးသားလိဂ် ပြိုင်ပွဲကျင်းပရေး Chief Operating Officer -COO အဖြစ်တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တွဲဖက်အထွေထွေအတွင်းရေးမှူးတစ်ဦးဖြစ်သည်။

ထို့အတူ ဦးမိုးဝေအောင်သည် MWL မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပရေး Chief Operating Officer-COO အဖြစ်တာဝန်ယူမည်ဖြစ်ကာ၊ ၎င်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (Vice Chairman of MFF Media and Communications Committee) တစ်ဦးဖြစ်သည်။

ယမန်နေ့ ဧပြီ (၅)ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်ရှယ်လိဂ် ကော်မတီအစည်းအဝေးကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြပြီး၊ လာမည့် ရာသီသစ်အတွက် MNL မှ ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ယခင်နှစ်များထက် ပိုမိုတိုးတက်ကောင်းမွန်စေရန် MNL နှင့် ကလပ်များ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအတွင်း MNL နှင့် MFF အပါအဝင် သက်တမ်းအလိုက် ပြိုင်ပွဲများတွက်အသက်၊ စာရင်းအချက်အလက် လှည့်ဖျားပါဝင်ကစားမှုများအား ပြတ်သားစွာ အရေးယူရန်၊ မြန်မာ့ဘောလုံးလောကအား နစ်နာစေမည့် အဂတိမှုများအတွက် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားရန် ဦးစားပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် လာမည့် MNL ရာသီသစ်အား အိမ်ကွင်း/အဝေးကွင်း အပါအဝင် အမျိုးသားလိဂ်၊ အမျိုးသမီးလိဂ်များပို၍ ကောင်းမွန်သော ရာသီသစ် ဖြစ်လာရန် ကြိုးပမ်းမည်ဖြစ်ရာ MNL-MFF အပြင် Forever Media Group ကဲ့သို့ မီဒီယာပံ့ပိုးမှုများ၊ Sponsorship/ Promotion လုပ်ငန်းများ၊ ငွေကြေးသုံးစွဲ စီမံခန့်ခွဲမှုများအပါအဝင် ပို၍ပွင့်လင်းထင်သာရေးအတွက် ဆောင်ရွက်မှုများ ပိုမိုတိုးတက်ရန် ကြိုးပမ်းသွားမည့် ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း တိုင်းနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။ထုတ်ပြန်ချက်အရ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများအပြင် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့်...

ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေရေး ဆောင်ရွက်နေ

နေပြည်တော်၊ စက်တင်ဘာ ၆ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများကို ပိုမိုအဆင်ပြေစွာ ရရှိနိုင်စေရန်အတွက် ပြည်သူ့ဆေးရုံများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆေးကောင်စီနာယက ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။ အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၂/၂၀၂၆) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကကဏ္ဍ၏ အခန်းကဏ္ဍကိုလည်း ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071