Wednesday, December 17, 2025

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း...

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်...

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က...

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company...
HomeNewsFootballမြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၆)အပြီးတွင် သွင်းဂိုးအများဆုံးရရှိခဲ့သူ...

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၆)အပြီးတွင် သွင်းဂိုးအများဆုံးရရှိခဲ့သူ ကစားသမား‌(၆)ဦး ထွက်ပေါ်လာ

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီ ပွဲစဉ် (၁၆)အပြီး၌ သွင်းဂိုးအများဆုံးရရှိထားသူ ကစားသမား‌ (၆) ဦးထွက်ပေါ်လာကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက ယနေ့ ဇန်နဝါရီ (၂၃) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ဒဂုံပေါ့အက်ဖ်စီအသင်း တိုက်စစ်မှူး Mogou Constantin က သွင်းဂိုး (၁၁) ဂိုးဖြင့် ဦးဆောင်ထားပြီး ၎င်း၏နောက်တွင် မဟာယူနိုက်တက်တိုက်စစ်မှူး ပက်ထရစ်က သွင်းဂိုး (၁၀)ဂိုး ရရှိထားကြောင်း သိရသည်။

ထို့အတူ ဟံသာဝတီယူနိုက်တက်အသင်း မှ အောင်မြတ်သူ၊ ဒဂုံစတားယူနိုက်တက်အသင်းမှ ဆွမ်လမ်မန် ၊ ISPE အသင်းမှ သိန်းဇော်သီဟနှင့် ရန်ကုန်ယူနိုက်တက်အသင်းမှ ရန်ကျော်ထွေးတို့က (၉)ဂိုးစီဖြင့် အများဆုံး ဂိုးသွင်းယူထားနိုင်ခြင်းဖြစ်သည်။

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ -Week-16 အပြီး အသင်းအလိုက်အမှတ်ပေးဇယား ရပ်တည်မှုအရ ရှမ်းယူနိုက်တက်အသင်းက ရမှတ် (၄၆)မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး၊ ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ်(၃၇)မှတ် ဒုတိယ၊ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် (၃၅) မှတ်ဖြင့် တတိယနေရာတို့ ရပ်တည်နေခြင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြီး ဆုံးတော့မည်ဖြစ်သည့် အဆိုပါပြိုင်ပွဲအား ဇူလိုင် (၆)ရက်မှစတင်ခဲ့ကာ ဘောလုံးကလပ်အသင်း (၁၂)သင်း ပါဝင်ကစားနေကြခြင်းလည်းဖြစ်သည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း ကျင်းပမည်

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် (ဒီဇင်ဘာ၁၆ရက်) က တွေ့ဆုံရာ၌ ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။ ထိုနည်းတူ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် ကျန်ရှိမည့် မြို့နယ်၅၆မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ပြုလုပ်ပေးရန် စီစဉ်ရည်ရွယ်ထားသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ လက်ရှိ၌ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်၌ စတင်ပြုလုပ်တော့မည် ဖြစ်သည်။

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် အခွန်အယူခံခုံအဖွဲ့ဥပ‌ဒေကို ပြင်ဆင်လိုခြင်းဖြစ်

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက် အခွန်အယူခံခုံအဖွဲ့ဥပ‌ဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။ အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့စဉ် အခွန်အယူခံခုံအဖွဲဥက္ကဋ္ဌ ဦးမြင့်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အခွန်အယူခံခုံအဖွဲ့ဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေး ပြင်ဆင်သည့် အချက်များသည် အခွန်အယူခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာ၌ အမှန်တကယ်လိုအပ်သောအချက်များဖြစ်ပြီး နိုင်ငံတော်၏အခွန်ဆိုင်ရာမူဝါဒကို အထောက်အကူပြုနိုင်ရန်အလိုငှာ ပြင်ဆင်ပြဋ္ဌာန်းသင့်သော...

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၆)ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071