(Unicode)
မြန်မာနိုင်ငံသားစာရေးဆရာနှစ်ဦး ၁၂ ကြိမ်မြောက် မဲခေါင်စာပေဆုရရှိ

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ၁၂ ကြိမ်မြောက်မဲခေါင်စာပေဆုပေးပွဲတွင် မြန်မာနိုင်ငံ သားစာရေးဆရာနှစ်ဦးဖြစ်သည့် အကြီးကိုကို (ကသာ)နှင့်စလင်းဘုန်းကျော်တို့ဆုရရှိခဲ့သည်ဟု ၁၂ ကြိမ်မြောက်မဲခေါင်စာပေဆုရွေးချယ်ရေးအဖွဲ့မှ ဆုရရှိသူများစာရင်းထုတ်ပြန်ချက်မှသိရသည်။
အကြီးကိုကို(ကသာ)ရေးသားသည့် “ပြိုပျက်ခဲ့သောသက္ကရာဇ်များ”စာအုပ်မှ ဝတ္တုတိုပေါင်းချုပ်ဆုနှင့်စလင်းဘုန်းကျော် ရေးသားသည့် “နွေဦးအော်ပရာကဗျာများ”မှကဗျာပေါင်းချုပ်ဆုတို့အား ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၁၂ ကြိမ်မြောက် မဲခေါင်စာပေဆုပေးပွဲအား လာအိုနိုင်ငံမှအလှည့်ကျအိမ်ရှင်အဖြစ်လက် ခံကျင်းပသွားမည်ဖြစ်ပြီး ဆုပေးပွဲကျင်းပမည့်ရက်အား ထုတ်ပြန်အသိပေးထားခြင်းမရှိသေးပေ။
အလားတူ ကမ္ဘောဒီးယားနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၁၁ ကြိမ်မြောက် မဲခေါင်စာ ပေဆုပေးပွဲတွင်ဆုရရှိခဲ့သူများအား ကိုဗစ်(၁၉) ရောဂါအခြေအနေကြောင့် ဆုပေးအပ်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိသဖြင့် ၁၂ ကြိမ်မြောက်မဲခေါင်စာ ပေဆုပေးပွဲ၌ ပူးတွဲကာဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ထိုင်း၊လာအို၊ကမ္ဘောဒီးယား၊မြန်မာနှင့်တရုတ်(ယူနန်ပြည်နယ်)နိုင်ငံတို့မှ စာရေးဆရာများ၏ ပြိုင်ပွဲဝင်စာပေများအား အပြီးသတ်စီစစ်၍ရွေးချယ်ဆုပေးခြင်းဖြစ်သည်။

(Zawgyi)
ျမန္မာႏိုင္ငံသားစာေရးဆရာႏွစ္ဦး ၁၂ ႀကိမ္ေျမာက္ မဲေခါင္စာေပဆုရရွိ
ျမန္မာႏိုင္ငံစာေရးဆရာအသင္း၏ ၁၂ ႀကိမ္ေျမာက္မဲေခါင္စာေပဆုေပးပြဲတြင္ ျမန္မာႏိုင္ငံ သားစာေရးဆရာႏွစ္ဦးျဖစ္သည့္ အႀကီးကိုကို (ကသာ)ႏွင့္စလင္းဘုန္းေက်ာ္တို႔ဆုရရွိခဲ့သည္ဟု ၁၂ ႀကိမ္ေျမာက္မဲေခါင္စာေပဆုေ႐ြးခ်ယ္ေရးအဖြဲ႕မွ ဆုရရွိသူမ်ားစာရင္းထုတ္ျပန္ခ်က္မွသိရသည္။
အႀကီးကိုကို(ကသာ)ေရးသားသည့္ “ၿပိဳပ်က္ခဲ့ေသာသကၠရာဇ္မ်ား”စာအုပ္မွ ဝတၱဳတိုေပါင္းခ်ဳပ္ဆုႏွင့္စလင္းဘုန္းေက်ာ္ ေရးသားသည့္ “ေႏြဦးေအာ္ပရာကဗ်ာမ်ား”မွကဗ်ာေပါင္းခ်ဳပ္ဆုတို႔အား ရရွိခဲ့ျခင္းျဖစ္သည္။
အဆိုပါ ၁၂ ႀကိမ္ေျမာက္ မဲေခါင္စာေပဆုေပးပြဲအား လာအိုႏိုင္ငံမွအလွည့္က်အိမ္ရွင္အျဖစ္လက္ ခံက်င္းပသြားမည္ျဖစ္ၿပီး ဆုေပးပြဲက်င္းပမည့္ရက္အား ထုတ္ျပန္အသိေပးထားျခင္းမရွိေသးေပ။
အလားတူ ကေမာၻဒီးယားႏိုင္ငံမွအိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ ၁၁ ႀကိမ္ေျမာက္ မဲေခါင္စာ ေပဆုေပးပြဲတြင္ဆုရရွိခဲ့သူမ်ားအား ကိုဗစ္(၁၉) ေရာဂါအေျခအေနေၾကာင့္ ဆုေပးအပ္ပြဲက်င္းပႏိုင္ခဲ့ျခင္းမရွိသျဖင့္ ၁၂ ႀကိမ္ေျမာက္မဲေခါင္စာ ေပဆုေပးပြဲ၌ ပူးတြဲကာဆုမ်ားေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္သည္။
မဲေခါင္ျမစ္ဝွမ္းႏိုင္ငံမ်ားျဖစ္သည့္ ဗီယက္နမ္၊ထိုင္း၊လာအို၊ကေမာၻဒီးယား၊ျမန္မာႏွင့္တ႐ုတ္(ယူနန္ျပည္နယ္)ႏိုင္ငံတို႔မွ စာေရးဆရာမ်ား၏ ၿပိဳင္ပြဲဝင္စာေပမ်ားအား အၿပီးသတ္စီစစ္၍ေ႐ြးခ်ယ္ဆုေပးျခင္းျဖစ္သည္။
