Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeNewsLocal Newsမြန်မာနိုင်ငံမှသီရိလင်္ကာနိုင်ငံသို့ G to...

မြန်မာနိုင်ငံမှသီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ ရောင်းချနိုင်ရေး နှစ်နိုင်ငံ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှသီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ ရောင်းချနိုင်ရေး နှစ်နိုင်ငံ လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် သီရိလင်္ကာဆိုရှယ်လစ် ဒီမိုကရက်တစ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေး အတွက် အစိုးရများအကြား G to G စနစ်ဖြင့် လယ်ယာထွက်ကုန်ကဏ္ဍမှ ဆန်အပါအဝင် အခြားကုန်စည်များ တိုးမြှင့်ရောင်းချ သွားနိုင်ရေး ကနဦး ဆောင်ရွက်ချက်အဖြစ် နှစ်နှစ်နိုင်ငံအကြား နှစ်နိုင်ငံသဘောတူစာချုပ် (Bilateral Agreement)ကို ဇန်နဝါရီလ ၇ရက်နေ့ကVirtual စနစ်ဖြင့်ချုပ်ဆိုလိုက်ပြီဖြစ်သည်။

လက်မှတ်ရေးထိုးလိုက်သည့် သဘောတူစာချုပ်အရ ဆန်ရောင်းဝယ်မှုကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် သီရိလင်္ကာနိုင်ငံ Sri Lanka State Trading (General) Corporation တို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ နှစ်စဉ်ဆန်ဖြူတန်ချိန် (၁၀၀,၀၀၀) နှင့် ပေါင်းဆန်တန်ချိန် (၅၀,၀၀၀) တို့ကို သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမည်ဖြစ်သည်။

လက်မှတ်ရေးထိုးမှုကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး ဌာနတို့အကြား ပြုလုပ်လိုက်ခြင်းဖြစ်ပြီး သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီး Dr. Bandula Gunawardhana နှင့် နစက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးက မြန်မာ့ ဆန်ကို ယခုကဲ့သို့ G to G အစီအစဉ်ဖြင့် ရောင်းချ ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ၁၉၄၉ ခုနှစ်ကတည်းက သံတမန်အဆက်အသွယ်ရှိခဲ့သော်လည်း နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ ပုဂ္ဂလိကသို့ လွတ်လပ်စွာတင်ပို့ထားရာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀သန်းမှသန်း ၄၀အထိ ကုန်သွယ်မှုပြုနေကြသည်။

ယင်းအပြင် သီရိလင်္ကာနိုင်ငံသည် မြန်မာ့ဆန်ကို G to Gစနစ်ဖြင့် မဟုတ်ဘဲ လွန်ခဲ့သည့် ၅နှစ်က နှစ်စဉ် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၅သောင်းမှ ၈သောင်းအထိ ပုံမှန်ဝယ်ယူခဲ့သည်။

သို့သော်လည်း ၂၀၁၈-၂၀၁၉ ၊၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဝယ်ယူခြင်းမရှိခဲ့ပြုခဲ့ဘဲ ယခုမှ ပြန်ဝယ်ခြင်းဖြစ်သည်ဟု စီးပွားကူးသန်းစာရင်းများအရသိရသည်။

Zaw Gyi

ျမန္မာႏိုင္ငံမွသီရိလကၤာႏိုင္ငံသို႔ G to G အစီအစဥ္ျဖင့္ ဆန္တင္ပို႔ ေရာင္းခ်ႏိုင္ေရး ႏွစ္ႏိုင္ငံ လက္မွတ္ေရးထိုး

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံႏွင့္ သီရိလကၤာဆိုရွယ္လစ္ ဒီမိုကရက္တစ္ႏိုင္ငံတို႔အၾကား ႏွစ္ႏိုင္ငံကုန္သြယ္မႈျမႇင့္တင္ႏိုင္ေရး အတြက္ အစိုးရမ်ားအၾကား G to G စနစ္ျဖင့္ လယ္ယာထြက္ကုန္က႑မွ ဆန္အပါအဝင္ အျခားကုန္စည္မ်ား တိုးျမႇင့္ေရာင္းခ် သြားႏိုင္ေရး ကနဦး ေဆာင္႐ြက္ခ်က္အျဖစ္ ႏွစ္ႏွစ္ႏိုင္ငံအၾကား ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ (Bilateral Agreement)ကို ဇန္နဝါရီလ ၇ရက္ေန႔ကVirtual စနစ္ျဖင့္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္သည္။

လက္မွတ္ေရးထိုးလိုက္သည့္ သေဘာတူစာခ်ဳပ္အရ ဆန္ေရာင္းဝယ္မႈကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ႏွင့္ သီရိလကၤာႏိုင္ငံ Sri Lanka State Trading (General) Corporation တို႔မွ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ကာ ျမန္မာႏိုင္ငံဘက္မွ ႏွစ္စဥ္ဆန္ျဖဴတန္ခ်ိန္ (၁၀၀,၀၀၀) ႏွင့္ ေပါင္းဆန္တန္ခ်ိန္ (၅၀,၀၀၀) တို႔ကို သီရိလကၤာႏိုင္ငံသို႔ ၂၀၂၂ ခုႏွစ္ႏွင့္ ၂၀၂၃ ခုႏွစ္အတြင္း တင္ပို႔သြားမည္ျဖစ္သည္။

လက္မွတ္ေရးထိုးမႈကို ျမန္မာႏိုင္ငံ၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ သီရိလကၤာႏိုင္ငံ၊ ကုန္သြယ္ေရးဝန္ႀကီး ဌာနတို႔အၾကား ျပဳလုပ္လိုက္ျခင္းျဖစ္ၿပီး သီရိလကၤာႏိုင္ငံ၊ ကုန္သြယ္ေရး ဝန္ႀကီး Dr. Bandula Gunawardhana ႏွင့္ နစက စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာပြင့္ဆန္းတို႔ တက္ေရာက္ခဲ့ၾကသည္ဟုသိရသည္။

သီရိလကၤာႏိုင္ငံ၊ ကုန္သြယ္ေရးဝန္ႀကီးက ျမန္မာ့ ဆန္ကို ယခုကဲ့သို႔ G to G အစီအစဥ္ျဖင့္ ေရာင္းခ် ေပးသည့္အတြက္ အထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္းေျပာၾကားသည္။

ျမန္မာႏွင့္ သီရိလကၤာႏိုင္ငံတို႔သည္ ၁၉၄၉ ခုႏွစ္ကတည္းက သံတမန္အဆက္အသြယ္ရွိခဲ့ေသာ္လည္း ႏွစ္ႏိုင္ငံကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုထားျခင္းမရွိဘဲ ပုဂၢလိကသို႔ လြတ္လပ္စြာတင္ပို႔ထားရာ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၁၀သန္းမွသန္း ၄၀အထိ ကုန္သြယ္မႈျပဳေနၾကသည္။

ယင္းအျပင္ သီရိလကၤာႏိုင္ငံသည္ ျမန္မာ့ဆန္ကို G to Gစနစ္ျဖင့္ မဟုတ္ဘဲ လြန္ခဲ့သည့္ ၅ႏွစ္က ႏွစ္စဥ္ ဆန္ႏွင့္ ဆန္ကြဲ တန္ခ်ိန္ ၅ေသာင္းမွ ၈ေသာင္းအထိ ပုံမွန္ဝယ္ယူခဲ့သည္။

သို႔ေသာ္လည္း ၂၀၁၈-၂၀၁၉ ၊၂၀၂၀-၂၀၂၁ ခုႏွစ္တြင္ ဝယ္ယူျခင္းမရွိခဲ့ျပဳခဲ့ဘဲ ယခုမွ ျပန္ဝယ္ျခင္းျဖစ္သည္ဟု စီးပြားကူးသန္းစာရင္းမ်ားအရသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071