ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ၏ ဩစတြီးယားနိုင်ငံခရီး စဉ်အတွင်း ဖေဖော်ဝါရီ ၁၁ ရက်က အာဆီယံဆိုင်ရာ ရှင်းလင်းဟောပြောပွဲနှင့် ဖေဖော်ဝါရီ ၁၂ ရက်က ဖိလစ်ပိုင်သံအမတ်ကြီးမှ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးအား ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံပွဲများကျင်းပခဲ့သည်။
အာဆီယံဆိုင်ရာ ရှင်းလင်းဟောပြောပွဲတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးမှ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်န ဝါရီလတွင်သွားရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အ တွင်း နိုင်ငံတော်ယာယီသမ္မတ၊ ဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့မှုကို ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင်ကျင်းပပြီးစီးခဲ့သော ရွေး ကောက်ပွဲအပေါ် အာဆီယံ၏ သဘောထားအမြင်များနှင့် ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပေါ် တိုးတက်မှုများကို ဆက်လက်စောင့်ကြည့်ရန်တို့ကိုလည်း ပြောကြားခဲ့သည်။
ထို့အတူ ဂုဏ်ပြုနေ့လည်စာစားပွဲ၌ မြန်မာသံအမတ်ကြီးဦးမင်းသိမ်းမှ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်များအနက် အဓိကပန်းတိုင်တစ်ခုဖြစ်သော လွတ်လပ်၍တ ရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးမှု၊ မတ်လတတိယပတ်ခန့်တွင် လွှတ်တော်များခေါ်ယူကျင်းပရန်ရှိမှု၊ ရွေး ကောက်တင်မြှောက်ခံရသည့် အစိုးရသစ်ထံသို့ နိုင်ငံ တော်တာဝန်များ လွှဲပြောင်းပေးအပ်ရန်ရှိမှု၊ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ မျှ တသောအပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံရေးအရေးကြီးမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အာဆီယံဆိုင်ရာရှင်းလင်းဟောပြောပွဲနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီးဦးမင်းသိမ်းမှ ဗီယင်နာမြို့အခြေစိုက် အာဆီယံနှင့်အခြားသံ ရုံး/အဖွဲ့ရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူတက်ရောက်ခဲ့သည်။
