Thursday, May 14, 2026

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင်...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ်...

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ...

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို...
HomeNewsLocal Newsမြန်မာနိုင်ငံတွင် ကလေးမွေးဖွားနှုန်းကျဆင်းနေဟု နစက...

မြန်မာနိုင်ငံတွင် ကလေးမွေးဖွားနှုန်းကျဆင်းနေဟု နစက ဒုဥက္ကဋ္ဌပြော

မြန်မာနိုင်ငံတွင်ကလေး မွေးဖွားနှုန်းသည် အစဉ်တစိုက်ကျဆင်းလျက်ရှိရာမှ လက်ရှိတွင် ပိုမိုကျဆင်းလာကြောင်း နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် “ကမ္ဘာ့လူဦးရေနေ့” အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲလာမှုကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူ ဦးရေ (၅၁ ဒသမ ၄) သန်းကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လူဦးရေ (၅၆ ဒသမ ၂) သန်းခန့် ဖြစ်လာမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦး ရေစာရင်းအရ လက်ရှိလူဦးရေတွင် (၅၁ ဒသမ ၃) သန်းကျော်သာရှိသည်ကို တွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ထို့ကြောင့် ယခင် လူဦးရေတိုးနှုန်းများအရ လူဦးရေတိုးပွားလာရမည်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ (၁၀) နှစ်တာကာလအတွင်းတွင် လူဦးရေတိုးပွားလာခြင်းမရှိသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် လူဦးရေတိုးနှုန်းကို တိုက်ရိုက်သက်ရောက်စေသည့် ကလေးမွေးဖွားနှုန်း၊ ‌ေ-သဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

မိမိတို့နိုင်ငံတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားနှုန်းသည် (၄ ဒသမ ၇) ဦးရှိခဲ့သော်လည်း၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကလေး (၂ ဒသမ ၃)ဦးနှုန်းထိ ကျဆင်းလာပြီး ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ မိဘနှစ်ပါးနေရာကိုသာ ပြန်လည်အစားထိုးနိုင်မည့် (၂ ဒသမ ၁) ဦး နှုန်းအောက်ကို ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။

မိမိတို့နိုင်ငံ၏ မွေးဖွားနှုန်းသည် အစဉ်တစိုက်ကျဆင်းလာသည်ဖြစ်၍ လက်ရှိတွင်လည်း ပိုမိုကျဆင်းလာခြင်းဖြစ်နိုင်ကြောင်း၊ မိခင်တစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် (၂) ဦးအောက်ကို လျော့ကျလာပြီဆိုပါက မိမိတို့နိုင်ငံ၏ လူဦးရေသည် တဖြည်းဖြည်းသိသိသာသာ လျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ် – ၁၉ ကပ်ရောဂါဆိုးနှင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ကလေးမွေးဖွားနှုန်း၊ ‌ေ-သဆုံးနှုန်းများအပေါ် သက်ရောက်မှုများရှိခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းများ လျော့ကျလာပြီး လူငယ်အများအပြားသည်လည်း ပြည်ပထွက်ခွာမှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် ထိပ်သီးအစည်းအဝေးအတွက် မြန်မာ-ရုရှား ပူးပေါင်းဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုသည် မြန်မာ-ရုရှား...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ် မျှော်လင့်ချက် မြင့်တက်နေဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို အီရန်နှင့် ယူအေအီးတို့အကြား တင်းမာမှုများ ရှိနေသည့် BRICS အဖွဲ့၏ နှစ်ရက်ကြာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နူးဒေလီမြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက ကမ္ဘာ့အစီအစဉ်ရဲ့ အဓိကအချက်အချာ ဖြစ်နေဆဲပါ။ မကြာသေးခင်က ပဋိပက္ခတွေဟာ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်ရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်”...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ ၉၀ နီးပါး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဌာနက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မေ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် လူ ၈၉ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာက လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် မုန်တိုင်း၊ မိုးရွာသွန်းမှု၊ မိုးသီးကြွေကျမှုနှင့် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၅၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071