နိုင်ငံတကာအဆင့် ဩဇာအာဏာနှင့်သံတမန်ရေးရာ ဗျူဟာများပါဝင်နေမည့် မြန်မာ -အိန္ဒိယ “မဟာဗျူဟာမြောက် တွေ့ဆုံမှုကြီး” အတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့သည် ဒေလီမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးနှစ်ဦးသည်မကြာခင်တရားဝင် ထိပ်သီးဆုံတွေ့ကြတော့မည်ဖြစ်သဖြင့် စီးပွါးရေးလောကမှ ပုဂ္ဂိုလ်များက ဒေသတွင်းစီးပွါးရေးကို အကျိုးသက်ရောက်စေမည့် မူဝါဒများ အား နားစွင့်နေကြပြီဖြစ်သည်။
ဒေသတွင်း အကျိုးစီးပွားချိန်ခွင်လျှာများမျှတရေးနှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ပထဝီဗျူဟာမြောက် ကုန်သွယ်ရေး လမ်းကြောင်းများ၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို အသုံးချပြီး “အပြန်အလှန် အကျိုးပြု ညှိနှိုင်းမှု” မျိုးများလုပ်ဆောင်သွားမည်ဟု မျှော်လင့်ရသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Palam လေတပ်စခန်းသို့ ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့်တရားဝင်ခရီးစဥ်အဖြစ်ဆိုက်ရောက်လာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများကလေဆိပ်တွင်ကြိုဆိုနှုတ် ဆက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ၊ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း လျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ခြံရံ၍ နိုင်ငံတော်အဆင့်ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။