စီရမ်ရိ၊ စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတအား Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးစဉ်တာဝန်ခံဝန်ကြီး၊ စီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး၊ တော်ဝင်ဘုရင့်နန်းတော်ရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ အထက်လွှတ်တော်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးနှင့် သံတမန်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
