Monday, August 3, 2026

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀)...

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့...

သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ

သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို...

တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင်...

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း...

ပါကစ္စတန်မှာ တောင်ပြိုကျ၊ နီပေါ ၆...

ပါကစ္စတန်နိုင်ငံ၏ ၈,၀၅၁ မီတာမြင့်သော Broad Peak တောင်တွင် ဇူလိုင်လ ၃၀ ရက် နေ့ နံနက်ပိုင်းက ကြီးမားသော နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ပြီး...
HomeNewsLocal Newsမြန်မာနိုင်ငံတစ်ဝှမ်း၌ စစ်ဘေးရှောင်ဦးရေ ၈...

မြန်မာနိုင်ငံတစ်ဝှမ်း၌ စစ်ဘေးရှောင်ဦးရေ ၈ သိန်းကျော်ရှိပြီဖြစ်ဟု UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝှမ်း၌ စစ်ဘေးရှောင်ဦးရေ ၈ သိန်းကျော်ရှိပြီဖြစ်ဟု UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝှမ်း၌ ဖေဖော်ဝါရီ ၁ ရက်နောက် ပိုင်းမှစတင်၍ ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်များ အပါအဝင် ယခင်တည်းကပင် ယာယီစခန်းများ၌နေထိုင်နေရသူဦးရေမှာ ၈၁၁၉၀၀ ခန့်ရှိပြီဖြစ်သည်ဟု UNOCHA မှထုတ်ပြန်ခဲ့သည်။

တိုင်းနှင့်ပြည်နယ်အများစု(အထူးသဖြင့် မြန်မာ နိုင်ငံ အနောက်မြောက်ပိုင်းနှင့်အရှေ့တောင်ပိုင်းဒေသ)တိုတွင် တိုက်ပွဲများပြင်းထန်နေပြီး ဇန်နဝါ ရီလအတွင်း၌ မြန်မာနိုင်ငံတဝှမ်းရှိ လူသားချင်းစာနာမှုနှင့်လုံခြုံရေးဆိုင်ရာအခြေအနေမှာ ပိုမိုဆိုးရွားလျက်ရှိသည်ဟု ထုတ်ပြန်ရေးသားထား သည်။

ယင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် အရပ်သားများအသက်ဆုံးရှုးခြင်း၊ပိုင်ဆိုင်မှုပစ္စည်းများ ဖျက်ဆီးခံရခြင်း၊နိုင်ငံတွင်းနှင့်နယ်နိမိတ်ဖြတ် သန်းကာ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေးသားထား သည်။

ထိုပြင် ဇန်နဝါရီ ၃၁ ရက်တွင် UNOCHA မှရရှိထားသည့် ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်၊ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစတင်ကာ ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့်လုံခြုံရေးအခြေအနေများကြောင့် လူဦးရေ ၄၄၁၅၀၀ ခန့်သည် နေအိမ်များအားစွန့်ခွာရှောင်တိမ်းနေရကာ ၂၀၂၁ ခုနှစ် မတိုင်ခင်ကပင် ယာယီစခန်းများ၌ နေထိုင်နေရသူ ၃၇၀၄၀၀ ဦးရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

သွားလာရေးဆိုင်ရာစိန်ခေါ်မှုများကြားမှ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်နေသူများသည် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ၊လက်ခံလူထုအ သိုင်းအဝိုင်းများအတွက် အ‌ရေး‌ပေါ်အကူအညီများကို(ဒေသခံမိတ်ဖက်အဖွဲများမှတဆင့်)ပေး အပ်လျက်ရှိသည်။

အလားတူ UNOCHA အနေဖြင့် ကိုဗစ်(၁၉)ရောဂါ စတုတ္ထလှိင်းအား တားဆီးကာကွယ်ရေးဆိုင်ရာကြိုတင်ပြင်ဆင်အားထုတ်မှုများအဖြစ် စောင့်ကြည့်ရေး၊ Case စီမံခန့်ခွဲရေး၊ကူးစက်မှုကာကွယ်တားဆီးရေးနှင့်လူထုပညာပေးရေးတိုအား ဆက် လက်လုပ်ဆောင်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြိုနယ်သုံးခုရှိ ယာယီစခန်းများတွင် နေထိုင်နေရသူများ၊ရိုဟင်ဂျာ IDP စခန်းများ၌ နေထိုင်သူများတွင် ဝမ်းရောဂါဖြစ်ပွားမှုအား လူ သားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများက ဝမ်းရောဂါဖြစ်ပွားမှုတားဆီးကာကွယ်ရေးလုပ် ငန်းများအား လုပ်ဆောင်လျက်ရှိကာ စောင့်ကြည့်မှုများပြုလုပ်လျက်ရှိသည်။

ထိုအတူ အရေးပေါ် အကူအညီလိုအပ်သူ ၆ ဒသမ ၂ သန်းအား အကူအညီပေးနိုင်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၂၆ သန်း တောင်းဆိုထားသည့် လူသားချင်းစာနာမှုဆိုင်ရာတုံပြန်ရေးအစီအစဉ် (HRP)ကို ဇန်နဝါရီလက UNOCHA မှထုတ်ပြန် ကြေညာခဲ့သည်ဟု ရေးသားထားသည်။

Zaw Gyi










Ads Space Available


Continue reading

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၄၀၂) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊...

သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ

သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို ဖြန့်ကြက်ချထားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။         မြို့တော်ကိုလံဘိုအပြင်ဘက်ရှိ မဟာရာထောင်တွင် အကျဉ်းသာများသည်  အဆောက်အအုံများစွာကို ဖျ-က်ဆီးခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒုတိယရဲချုပ် ဆန်ဂျီဝါ မီဒွာတီက ပြောကြားခဲ့သည်။         တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထိန်းသိမ်းပြီး အကျဉ်းသားများကို ၎င်းတို့အချုပ်ခန်းများသို့ ပြန်ပို့ရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ကွန်မန်ဒိုများကို အင်အားဖြည့်တင်းခဲ့ကြောင်း မီဒွာတီက ထောင်အပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။        ၂၀၂၀...

တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင် ‌ေ-သဆုံးသူဦးရေ တိုးလာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး အစောပိုင်းက သတင်းထုတ်ပြန်ထားသည့် ‌ေ-သဆုံးသူ ဦးရေထက် မြင့်တက်လာခြင်းဖြစ်သည်။        ဇူလိုင်လ ၂၆ ရက်နေ့က ကန်စုပြည်နယ် တင်းရှီမြို့ရှိ Weiyuan ကောင်တီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၀ ဦး ‌ေ-သဆုံးခဲ့ကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သည်။       စုံစမ်းစစ်ဆေးမှုများနှင့် အကဲဖြတ်တွက်ချက်မှုများလုပ်ရန် ကန်စုပြည်နယ်အာဏာပိုင်များက နိုင်ငံတော် သဘာဝဘေးကာကွယ်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071