Wednesday, June 10, 2026

သင်္ဃန်းကျွန်းစံပြစျေးရှေ့ လူကူးဂုံးကျော်တံတားအား အမိုးတပ်ဆင်နေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ် စံပြစျေးရှေ့ရှိ လူကူးဂုံးကျော်တံတားမှ ဖြတ်သန်းသွားလာသူများ အပူဒ-ဏ်သက်သာစေရေးနှင့် လုံခြုံစိတ်ချစွာဖြတ်သန်းသွားလာနိုင်ရေးတို့အတွက် အမိုးတပ်ဆင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တပ်ဆင်နေမှုကို ‎ရန်ကုန်မြို့တော်စည်ပင်အတွင်းရေးမှူး ဦးချိုထွန်းအောင်နှင့်...

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU) တည်ထောင်ခြင်း (၁၀)...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University - SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်...

AYA Tri Nation Cup...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ (၃) ရက်မှ (၉) ရက်အထိ လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026...

အာရှစင်မြင့်ထက်က မြန်မာဘောလုံးကလပ်(၂) သင်း၏ စိန်ခေါ်မှုအသစ်...

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ တရားဝင်ထုတ်ပြန်ချက်အရ လာမည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှတိုက်အဆင့်ကလပ်ပြိုင်ပွဲတစ်ခုဖြစ်သည့် AFC Challenge League (ACGL) တွင်...
HomeNewsLocal Newsမြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း...

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာသင်တန်းများဖွင့်မည်

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ အရာရှိလောင်း ဒီပလိုမာသင်တန်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

နှစ်နှစ်ကြာတက်ရောက်ရမည့် ထိုသင်တန်းများမှာကုန်သွယ် ရေကြောင်းအရာရှိလောင်းသင်တန်း (CD/52)၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်းသင်တန်း (CE/50) နှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်း (CME/05) တို့ဖြစ်သည်။

သင်တန်းများမှ ပြီးဆုံးပါက ပေးအပ်မည့် ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာဒီပလိုမာ (Diploma in Nautical Studies)၊ ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ်နည်းပညာဒီပလိုမာ (Diploma in Marine Electrical Technology)တို့ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၂၁) နှစ်အထက် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကာ ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းနှင့် ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်းသင်တန်းများအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၄၀၀) ရှိရမည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၃၉၀) ရှိရမည်ဖြစ်သည်။

အဆိုပါ သင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်မှစပြီး ဩဂုတ်လ (၃၀) ရက်အထိ ကျောင်းတွင် သွားရောက်လျှောက်ထားနိုင်သည်။

ဖွင့်လှစ်သင်ကြားပေးမည့် အရာရှိဒီပလိုမာသင်တန်းများတွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းအတွက် (၁၃၀) ဦး၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း (၁၃၀) ဦးနှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် (၄၀) ဦးတို့ အသီးသီးလက်ခံသွားမည်ဖြစ်သည်။

ဘုရင့်နောင်လမ်းမ၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် သင်တန်းဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို မော်ကွန်းထိန်းရုံး၊ဖုန်း-၀၉၄၀၃၇၃၇၉၇၀၊ သင်တန်းဌာနဖုန်း-၀၉၉၈၆၃၄၀၅၅၇ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်မေးမြန်းနိုင်သည့်အပြင် Website www.mmmc.edu.mm နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်-MMMC Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သင်္ဃန်းကျွန်းစံပြစျေးရှေ့ လူကူးဂုံးကျော်တံတားအား အမိုးတပ်ဆင်နေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ် စံပြစျေးရှေ့ရှိ လူကူးဂုံးကျော်တံတားမှ ဖြတ်သန်းသွားလာသူများ အပူဒ-ဏ်သက်သာစေရေးနှင့် လုံခြုံစိတ်ချစွာဖြတ်သန်းသွားလာနိုင်ရေးတို့အတွက် အမိုးတပ်ဆင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တပ်ဆင်နေမှုကို ‎ရန်ကုန်မြို့တော်စည်ပင်အတွင်းရေးမှူး ဦးချိုထွန်းအောင်နှင့် တာဝန်ရှိသူများက ဇွန် ၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ညီလာခံများ ကျင်းပမည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University - SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်များအတွင်း ဗုဒ္ဓဘာသာဆိုင်ရာ ရာပြည့်လာစာတမ်းဖတ်ပွဲများနှင့် ဘာသာရေးအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် ဗုဒ္ဓဘာသာဆိုင်ရာ အခမ်းအနား အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၂၀၂၆ ဇူလိုင်လ (၃၊ ၄၊ ၅) ရက်တွင် ဝိသုံဂါမသိမ်တော်ရေစက်ချပွဲနှင့်အတူ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲနှင့်...

AYA Tri Nation Cup 2026 ချန်ပီယံဆု ထိုင်းအမျိုးသမီးအသင်း ဆွတ်ခူး

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ (၃) ရက်မှ (၉) ရက်အထိ လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026 (Women's International Friendly Tour) ပြိုင်ပွဲပြီးဆုံးခဲ့ပြီဖြစ်ရာ၊ ချန်ပီယံဆုကိုထိုင်းအမျိုးသမီးအသင်း ဆွတ်ခူးရရှိခဲ့သည်။ ဇွန်လ (၉) ရက်က ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံးပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီးနောက် ထိုင်းအသင်းက စုစုပေါင်းရမှတ် (၄) မှတ်ဖြင့် ပြိုင်ပွဲ၏ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ထို့အတူ တစ်ဦးချင်း ထူးချွန်ဆုရရှိသူများအဖြစ် အကောင်းဆုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071