Wednesday, July 29, 2026

ASEAN Hyundai Cup 2026...

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့...

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉...

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက...

မြန်မာဘက်က လုပ်သားအင်အား၊ ဂျပန်ဘက်က နည်းပညာနဲ့...

"ကျွန်မတို့နိုင်ငံမှာ လူငယ်လုပ်သားအင်အားပေါများတာ အားသာချက်ဖြစ်ပြီး ဂျပန်နိုင်ငံမှာက နည်းပညာနဲ့ အရင်းအနှီးတွေရှိတာအားသာချက်ပါ။ ဒီအားသာချက်‌ေတွကို ပူးပေါင်းဆောင်ရွက်လိုက်ရင် နှစ်နိုင်ငံလုံးအတွက် Win-Win Situation ဖန်တီးနိုင်မှာပါ။ ဒါဟာ...
HomeNewsLocal Newsမြန်မာ - လာအို...

မြန်မာ – လာအို နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် (၅) နှစ်သက်တမ်း ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လာအိုနိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့အကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက်အား ဧပြီ (၃) ရက်က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးမှုတွင် မြန်မာ – လာအို နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို (၅)နှစ်တာသက်တမ်းတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုပြုလုပ်ရန် Consortium of PISASAI Energy and Mine Investment Pte. Ltd. and Primus Sapphire Pow er Company Limited သို့ ပေးအပ်မည့် Notice to Proc eed(NTP)ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

မြန်မာ – လာအို နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်က စတင်ကာ (၅)နှစ်တာစီမံကိန်းအနေဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ (၅)နှစ်တာကာလအတွင်း PISASAI and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံဓာတ်အားကွန်ရက် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်/ ရောင်းချနိုင်ရေးစီမံကိန်းအတွက် သိသာထင်ရှားသည့် လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ နားလည်မှု စာချွန်လွှာအား (၅) နှစ်သက်တမ်း ထပ်တိုးခြင်းအားဖြင့် မြန်မာနှင့် လာအို နှစ်နိုင်ငံတို့အကြား လျှပ်စစ်ဓာတ်အား (၆၀၀) မဂ္ဂါဝပ်အထိ သွယ်တန်းနိုင်ရေး လေ့လာစမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

ထို့အပြင် မဲခေါင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မြန်မာ – လာအို နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် သွယ်တန်းမည့် ဓာတ်အားလိုင်း စီမံကိန်းသည် ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိနှင့် ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိ ရောက်ရှိနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် အထောက်အကူပြုမည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ASEAN Hyundai Cup 2026 ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၀-၂ ဂိုးဖြင့် ဦးဆောင်ထား

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌ မြန်မာအသင်းက ၀-၂ ဂိုးဖြင့် ဦးဆောင်ထားသည်။ ပွဲစတင်သည်မှစ၍ နှစ်ဖက်စလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း မြန်မာအသင်းက ရရှိသော အခွင့်အရေးများကို ထိရောက်စွာ အသုံးချကာ ပထမပိုင်းအတွင်းမှာပင် ဦးဆောင်ဂိုး ၂ ဂိုး စတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ပထမပိုင်း ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်နှင့် ဂိုးသမားတို့၏ ကာကွယ်မှုကြောင့် ဂိုးမရရှိဘဲ ပထမပိုင်းကို...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့ ချဒ်နိုင်ငံ ကြေညာ

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့ ထိရောက်မှုဟာ "ကန့်သတ်ချက်ရှိပြီး ညီမျှမှုမရှိဘူး" လို့ တိုင်ကြားခဲ့သလို ခုံရုံးရဲ့ လုပ်ဆောင်ချက်တွေဟာ အာဖရိကအပေါ်မှာပဲ ဗဟိုပြုနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဒီလို‌ကြေညာတာဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုအပြီးမှာ ထွက်ပေါ်လာတာပါ။ အမေရိကန်ဟာ ဒီလအစောပိုင်းတုန်းက ICC ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် ကြေညာခဲ့ပြီး အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ICC ဟာ "အမေရိကန်ရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက် ORTP ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက ထောင်ဒဏ် (၃) လအထိ သို့မဟုတ် ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရထားပေါ်ရှိ အရေးပေါ်ကိရိယာများကို အကြောင်းမဲ့ အသုံးမပြုရ။ ဆက်သွယ်ရေးစနစ်နှင့် စက်ပစ္စည်းများကို မဖျက်ဆီး၊ မနှောင့်ယှက်ရ။ ရထား ထွက်ခွာချိန် သို့မဟုတ် မရပ်မီ ခုန်တက်၊ ခုန်ဆင်း မပြုရ။ ရထားအမိုး၊ ခြေနင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071