Tuesday, August 11, 2026

ကာကွယ်ရေးပူး‌ပေါင်း‌ဆောင်ရွက်မှုနက်ရှိုင်းစေရန် ဗီယက်နမ်နှင့် သြစတြေးလျ သဘောတူ

အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံ စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှင့် မရှိမဖြစ်သော ကုန်သွယ်မှုကို လွတ်လပ်စွာစီးဆင်းစေရေးကို ထောက်ခံပံ့ပိုးရန် သြစတြေးလျနှင့် ဗီယက်နမ်တို့...

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ...

မြို့သစ်၊ ဩဂုတ်-၁၁ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက်အသုံးပြုနေသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရှိသည့်အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လ လဆန်းပိုင်းကစတင်၍...

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ချေးငွေ မပေးဆပ်သည့် ကုမ္ပဏီ ၂၃...

ရန်ကုန်၊ဩဂုတ်-၁၁ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း DICA က အသိပေးထားသည်။ ထို့ပြင်...

ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးများ ခေါ်ယူနေဟု ထွက်ပေါ်နေသည့်သတင်းသည်...

နေပြည်တော်၊ဩဂုတ်-၁၁ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းများ လုံးဝမရှိကြောင်းနှင့် မှော်ဘီမြို့ရှိ ရကသ (၄) တွင် သင်တန်းဖွင့်လှစ်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏...
HomeMoviesမြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ ကွယ်လွန်သူ လာအို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအတွက် ဝမ်းနည်းစွာ ဂါရဝပြု

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Xaysomphone Phomvihane ကွယ်လွန်သွားခဲ့သည့်အတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင်သည် အထွေထွေအတွင်းရေးမှူးနှင့်အတူ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံးသို့ သွားရောက်ကာ ဂါရဝပြု ဝမ်းနည်းကြောင်း မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ ဝမ်းနည်းကြောင်း မှတ်တမ်းရေးထိုးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့် သံရုံးအရာထမ်းများရှေ့မှောက်၌ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့က လာအို-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးပါသော ခေါင်းဆောင်တစ်ဦး ကွယ်လွန်သွားခြင်းအတွက် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းရပါကြောင်း ဖော်ပြရေးထိုးခဲ့ကြသည်။

ကွယ်လွန်သူ လာအို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Xaysomphone Phomvihane သည် ကွယ်လွန်ချိန်တွင် အသက် (၇၀) နှစ် ရှိပြီဖြစ်ပြီး၊ ၎င်းသည် လာအိုနိုင်ငံ၏ အထင်ကရ ခေါင်းဆောင်ကြီး၊ သမ္မတဟောင်း Kaysone Phomvihane ၏ သားဖြစ်ပါသည်။ ၎င်းသည် လာအိုနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး၊ လာအို အမျိုးသားတပ်ဦး (LFND) ဥက္ကဋ္ဌ စသည့် အရေးပါသော အစိုးရနှင့် ပါတီတာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှစ၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှု ဖလှယ်ရေး၊ ဘာသာရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး ယခုကဲ့သို့ ဝမ်းနည်းကြောင်း မှတ်တမ်းရေးထိုးခြင်းသည် နှစ်နိုင်ငံအကြား တည်ရှိသော သံတမန်ရေးရာနှင့် ပြည်သူ့နီးကပ်မှုကို ဖော်ညွှန်းနေခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကာကွယ်ရေးပူး‌ပေါင်း‌ဆောင်ရွက်မှုနက်ရှိုင်းစေရန် ဗီယက်နမ်နှင့် သြစတြေးလျ သဘောတူ

အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံ စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှင့် မရှိမဖြစ်သော ကုန်သွယ်မှုကို လွတ်လပ်စွာစီးဆင်းစေရေးကို ထောက်ခံပံ့ပိုးရန် သြစတြေးလျနှင့် ဗီယက်နမ်တို့ သဘောတူညီခဲ့ကြပြီး ကမ္ဘာတစ်ဝန်းထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေသည့် မူဝါဒများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြသည်။ သြစတြေးလျဝန်ကြီးချုပ် အန်‌ထော်နီ အယ်လ်ဘန်နီးစ်နှင့် ဗီယက်နမ်သမ္မတ တိုလမ်တို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မာအားကောင်းစေရန် သဘောတူညီခဲ့ ကြပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူမှောင်ခိုကူးမှုများကို တန်ပြန် ချေမှုန်းရေးတွင် ပိုမိုလုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်ဟု...

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ စတင်ရေကျော်ကျ

မြို့သစ်၊ ဩဂုတ်-၁၁ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက်အသုံးပြုနေသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရှိသည့်အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လ လဆန်းပိုင်းကစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီအချိန်တွင် ရေပိုလွှဲမှ ရေများ စတင်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၆၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ( သုည ဒသမ ခြောက်ပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏...

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ချေးငွေ မပေးဆပ်သည့် ကုမ္ပဏီ ၂၃ ခုနှင့် ဒါရိုက်တာအဖွဲ့ဝင်များ အမည်မည်းစာရင်း(Black List) သတ်မှတ်ခံထားရ

ရန်ကုန်၊ဩဂုတ်-၁၁ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း DICA က အသိပေးထားသည်။ ထို့ပြင် မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းနှင့်သက်ဆိုင်သည့်အစိုးရဌာန၊ အဖွဲ့အစည်းများမှ ချမှတ် ထားသော အခြားတည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း DICA က အသိပေးထားသည်။ ထို့အပြင် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများက ချမှတ်ထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာမှုမရှိကြောင်း တွေ့ရှိပါက DICA ဝက်ဘ်ဆိုက်မှတစ်ဆင့် မှတ်ပုံတင်အရာရှိက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071