တနင်္ဂနွေနေ့ မနက်အစောပိုင်းက အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ယောက်ပါသည့်ကားကိုမောင်းသည့် ယာဉ်မောင်းက နယ်စပ်စစ်ဆေးရေးဂိတ်မှ အရှိန်ပြင်းပြင်းဖြင့် မောင်းပြေးဖို့ ကြိုးစားစဉ် လမ်းဘေးမြောင်းထဲ မှောက်သွားခဲ့သည်။
ကန်ချနဘူရီလိုင်စင်နံပါတ်ပြားပါသော မသင်္ကာဖွယ် Isuzu Mu-7 ကားတစ်စီးသည် စက်တင်ဘာ ၂၉ ရက် နံနက် ၂ နာရီတွင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရပ်တန့်ရန် ငြင်းဆန်ခဲ့ပြီး မောင်းထွက်ပြေးသဖြင့် တာဝန်ရှိသူများက ချက်ခြင်း လိုက်လံဖမ်းဆီးခဲ့သည်။
ကားမောင်းသူသည် ထိန်းမနိုင်သိမ်းမရဖြစ်ကာ လမ်းဘေးရှိ ရေမြောင်းထဲသို့ ထိုးကျသွားသည်။ ကားကိုရှောင်
လိုက်သော ဆိုင်ကယ်သမားတစ်ဦး အသ-က်မေ-သသော်လည်း ပြင်းပြင်းထန်ထန် ထိခို-က်သွားသည်။
ပျ-က်စီးနေသော ကားအတွင်းမှ ရွှေ့ပြောင်းလုပ်သား ၂၈ ဦး(အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၉ ဦး)သည် တွားသွားပြီးထွက်ခဲ့ရသည်။
ကားကစုတ်ပြ-တ်သ-တ်သွားသော်လည်း ကားတွင်းပါလာသူများ ကြီးမားသည့် ထိခို-က်မှုမရှိကြပေ။
စကားပြန်များမှတစ်ဆင့် စစ်ဆေးမေးမြန်းမှုတွင် ရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့၏ မှောင်ခိုလမ်းကြောင်းကို အသေးစိတ်ဖော်ပြခဲ့သည်။ ၎င်းတို့သည် Sangkhlaburi ခရိုင်နယ်စပ်တလျှောက်တောလမ်းမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဖြ-တ်ကျော်ဝင်ရောက်လာကာ ဗာဂျီရာလောင်ကွန်း ရေလှောင်ကန်ကိုလှေဖြင့် ဖြ-တ်လာခဲ့ကြသည်။
အကွာအဝေးပေါ်မူတည်၍ ပွဲစားအားတစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြားပေးဆောင်ရန် သဘောတူထားကြပြီး ခိုးဝင်လာခြင်းဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးဗျူရို၏ အချက်အလက်များအရ၊ တရားမဝင် ဝင်ရောက်မှုသည် ၂၀၁၅ ခုနှစ်တွင် သိသိသာသာ တိုးမြင့်လာခဲ့သည်။ ယခုနှစ်တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၇ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ၁,၉၂၃ ဦး ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၇၈၆ ဦး ဖမ်းဆီးခံခဲ့ရသည်။
Ref: khaosod
