မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး ယခင်ထက် အမေရိကန်ဒေါ်လာသန်း၅၀နီးပါး လျော့ကျ
နစကစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ထုတ်ပြန်တဲ့ ၂၀၂၁ခုနှစ် နောက်ဆုံး ၃လတာစာရင်းတွေအရ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်း ၂ခုရဲ့ ကုန်သွယ်မှုရငွေဟာ အမေရိကန်ဒေါ်လာ ၁၂.၇၀၄သန်းရှိတယ်လို့သိရပါတယ်။
ဒီပမာဏကို ၂၀၂၀နောက်ဆုံး၃လတာကာလက ကုန်သွယ်မှုဝင်ငွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၄၇သန်းကျော် လျှော့နည်းနေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ နောက်ဆုံး ၃လတာရဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၆၀.၃၀၄သန်း ရှိနေပါတယ်။
အခု၂၀၂၁ နောက်ဆုံး၃လတာမှာ စစ်တွေကုန်သွယ်ရေးစခန်းက အမေရိကန်ဒေါ်လာ ၇သန်းကျော်၊ မောင်တောကုန်သွယ်ရေးစခန်းက အမေရိကန်ဒေါ်လာ ၅သန်းကျော်ပဲ ကုန်သွယ်နိုင်ပါသေးတယ်။
၂၀၂၀နဲ့ ၂၀၂၁ နောက်ဆုံး ၃လတာနှိုင်းယှဉ်မှုတွေအရ ပို့ကုန်က အရင်ထက် ပိုများခဲ့တာရှိပါတယ်။
စစ်တွေအခြေစိုက်နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နေသူတစ်ဦးက “ကုန်သွယ်မှုကတော့ ရှိနေတာပဲ။ ကိုဗစ်တွေကြောင့် ပိတ်ထားရတဲ့ ကာလတွေလည်းရှိတယ်။နောက်မှ ပြန်ဖွင့်တာဆိုတော့ အရင်ကာလတွေလောက်တော့ ပို့ကုန်သွင်းကုန်ပိုင်းမှာ အားနည်းတာပေါ့။အရှိန်ကတော့ ယူရမှာပေါ့ ”လို့ ပြောပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုကျဆင်းနေသလိုပဲ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ဖြစ်တဲ့ တမူးနဲ့ ရိဒ်တို့ရဲ့ ၂၀၂၁ နောက်ဆုံး ၃လ ကုန်သွယ်မှုဝင်ငွေက ၂၀၂၀ နောက်ဆုံး၃လကုန်သွယ်မှု ဝင်ငွေထက် အမေရိကန်ဒေါ်လာ၇၇သန်းကျော် လျော့နည်းကျဆင်းနေတာရှိပါတယ်။
Zaw Gyi
ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ကုန္သြယ္ေရး ယခင္ထက္ အေမရိကန္ေဒၚလာသန္း၅၀နီးပါး ေလ်ာ့က်
နစကစီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးက ထုတ္ျပန္တဲ့ ၂၀၂၁ခုႏွစ္ ေနာက္ဆုံး ၃လတာစာရင္းေတြအရ ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ကုန္သြယ္ေရးစခန္း ၂ခုရဲ႕ ကုန္သြယ္မႈရေငြဟာ အေမရိကန္ေဒၚလာ ၁၂.၇၀၄သန္းရွိတယ္လို႔သိရပါတယ္။
ဒီပမာဏကို ၂၀၂၀ေနာက္ဆုံး၃လတာကာလက ကုန္သြယ္မႈဝင္ေငြနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ အေမရိကန္ေဒၚလာ ၄၇သန္းေက်ာ္ ေလွ်ာ့နည္းေနတာေတြ႕ရပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၀ ေနာက္ဆုံး ၃လတာရဲ႕ ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ကုန္သြယ္ေရးဝင္ေငြဟာ အေမရိကန္ေဒၚလာ ၆၀.၃၀၄သန္း ရွိေနပါတယ္။
အခု၂၀၂၁ ေနာက္ဆုံး၃လတာမွာ စစ္ေတြကုန္သြယ္ေရးစခန္းက အေမရိကန္ေဒၚလာ ၇သန္းေက်ာ္၊ ေမာင္ေတာကုန္သြယ္ေရးစခန္းက အေမရိကန္ေဒၚလာ ၅သန္းေက်ာ္ပဲ ကုန္သြယ္ႏိုင္ပါေသးတယ္။
၂၀၂၀နဲ႔ ၂၀၂၁ ေနာက္ဆုံး ၃လတာႏႈိင္းယွဥ္မႈေတြအရ ပို႔ကုန္က အရင္ထက္ ပိုမ်ားခဲ့တာရွိပါတယ္။
စစ္ေတြအေျခစိုက္နယ္စပ္ကုန္သြယ္ေရးေဆာင္႐ြက္ေနသူတစ္ဦးက “ကုန္သြယ္မႈကေတာ့ ရွိေနတာပဲ။ ကိုဗစ္ေတြေၾကာင့္ ပိတ္ထားရတဲ့ ကာလေတြလည္းရွိတယ္။ေနာက္မွ ျပန္ဖြင့္တာဆိုေတာ့ အရင္ကာလေတြေလာက္ေတာ့ ပို႔ကုန္သြင္းကုန္ပိုင္းမွာ အားနည္းတာေပါ့။အရွိန္ကေတာ့ ယူရမွာေပါ့ ”လို႔ ေျပာပါတယ္။
ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္မႈက်ဆင္းေနသလိုပဲ ျမန္မာ-အိႏၵိယ နယ္စပ္ကုန္သြယ္ေရးစခန္းေတြ ျဖစ္တဲ့ တမူးနဲ႔ ရိဒ္တို႔ရဲ႕ ၂၀၂၁ ေနာက္ဆုံး ၃လ ကုန္သြယ္မႈဝင္ေငြက ၂၀၂၀ ေနာက္ဆုံး၃လကုန္သြယ္မႈ ဝင္ေငြထက္ အေမရိကန္ေဒၚလာ၇၇သန္းေက်ာ္ ေလ်ာ့နည္းက်ဆင္းေနတာရွိပါတယ္။
