ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာများကို ယူနန်ပြည်ရှိ ဆေး ရုံတွင် အခမဲ့ကုသပေးမည်
မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး ကျန်းမာရေးစောင့် ရှောက်မှု အစီအစဉ်အဖြစ် နှစ်နိုင်ငံ နှလုံးရောဂါ ဆရာဝန်များ ပူးပေါင်းပြီး မွေးရာပါ နှလုံးရောဂါ လူနာကလေးငယ်များကို ကျန်းမာရေးစောင့်ရှောက်မှုများ ယမန်နေ့ အောက် တိုဘာ(၃၀)ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ရန်ကင်းကလေးဆေးရုံးကြီး ၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့လာရောက်ကုသသည့် မွေးရာပါနှလုံး ရော ဂါ လူနာကလေးငယ်(၂၈)ဦးကို ကျန်းမားရေးစောင့် ရှောက်မှုပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ခွဲစိတ်ကုသရန်လိုအပ်နေသည့် ကလေးလူနာများကို ယူနန်ပြည်နယ် ရှိ “ဖူးဝေ” ဆေးရုံသို့ အခမဲ့ ခေါ်ဆောင်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အဖြစ် ယူနန်ပြည်နယ် နိုင် ငံခြားရေးဌာန မှ ထောက်ပံလှုဒါန်းပြီး မြန်မာ-တရုတ်ပူးပေါ င်းဆက်ဆံရေးအသင်း၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ပြီးခဲ့သည့် အောက်တိုဘာ(၂၅)ရက်ကလည်း ရန်ကင်းကလေးဆေးရုံကြီးမှ ကုသနေသည့် အသက်(၆)လမှ (၉)နှစ် အရွယ် မွေးရာပါ နှလုံးရောဂါလူနာကလေးငယ် (၁)ဦးချင်စီကိုလ ည်း (၃)လစာ ဖြည့်စွက်စာအာဟာရများ လှူဒါန်းခဲ့ကြောင်း သိရသည်။
