Saturday, September 12, 2026

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် က ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်...

သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် တို့ ယနေ့ စက်တင်ဘာ...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန်...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mrs. Samdech KHUON Sundary...

ညဖက်တွင် ငှက်များအတွက် အလင်းညစ်ညမ်းမှု မဖြစ်စေရန်...

တရုတ်နိုင်ငံ ရှန်ကျန့် မြို့သည် နည်းပညာနှင့် မီးရောင်စုံ မြို့ပြပြကွက်များကြောင့် ကျော်ကြားသော်လည်း၊ အလင်းညစ်ညမ်းမှု (Light Pollution) ကို ထိရောက်စွာ လျှော့ချရေးအတွက်...
HomeNewsLocal Newsမြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့ဆွေးနွေး

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC) ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်တို့ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက်နံနက် ၁၁ နာရီခွဲက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးရှည် လျားကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်နိမိတ်များထိစပ်နေသည့် နိုင်ငံများမဟုတ်သော်လည်း ဘာသာရေး၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအရ တူညီသည့်ဆက်နွယ်မှုများရှိပြီး နှစ်နိုင်ငံဆက်ဆံမှုများကောင်းမွန်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ၌ အပြန်အလှန်ရပ်တည် ထောက်ခံလျက်ရှိမှု၊ အစိုးရအဖွဲ့အစည်းများကြားသာမက တပ်မတော်နှစ်ရပ်ကြားနှင့် ပြည်သူများကြားတွင်လည်း ဆက်ဆံရေးများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို့ ယန္တရားများကို ပြန်လည်စတင်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကိုအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး အနာဂတ်အတွက် အလားအလာကောင်းများရှိ၍ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်မည်ဆိုပါက ကြီးမားသည့်အောင်မြင်မှုများရှရိလာနိုင်မှု၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအပြန်အလှန်ခရီးစဉ်များဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မဲခေါင်-လန်ချန်း၊ CLMV နှင့် ACMECS တို့ကဲ့သို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ACMECS အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုကာလအတွင်း “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ACMECS ဒေသတည်ဆောက်စို့”ဆိုသော ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းရှိပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအပါအဝင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများပပျောက်စေရေး ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရားမျှတပြီးသိက္ခာရှိသည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကိုလက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်‌များပါဝင်သည့် လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေး ကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုကိုပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကို ဟန်ချက်ညီညီ ဆက်လက်ဖော်ဆောင်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် က ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကအဖြစ် တာဝန်ယူချိန်တွင် မြန်မာနိုင်ငံတော်သမ္မတ၏ ကူညီဆောင်ရွက်မှုပေးမှုများကိုကျေးဇူးတင်ကာ ယနေ့ နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရေးဆွေးနွေးဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်သည်ဟု ပြောကြားခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတော်သမ္မတကလည်း ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ဖနောင်ပင်မြို့၏ မြို့ပြစနစ်တကျခေတ်မီတိုးတက်လာမှုများကိုတွေ့မြင်ရ၍ဂုဏ်ယူကာ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးတို့အတွက် မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားသည့်စိတ်၊...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့ဆွေးနွေး

သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် တို့ ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေ ၄ နာရီကျော်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ရပ်တည်ထောက်ခံပေးလျက်ရှိမှု၊ နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီး မြှုပ်နှံမှုကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍတို့တွင်...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ဆွေးနွေး

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mrs. Samdech KHUON Sundary တို့ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်(State Visit)ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေ ၅ နာ ရီက ကမ္ဘောဒီးယားအမျိုးလွှတ်တော် အဆောက်အဦ၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်။ မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရေး၊ လွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအသင်းဖွဲ့စည်းပြီး လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071