မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၌ မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ ရပ်ကွက်/ကျေးရွာများအတွင်း ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်သူများမှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေ ထိုင်ရလျက်ရှိကြောင်း သိရသည်။
ထိုသို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေထိုင်နေကြရသည့် ရေဘေးသင့်သူများအား ညောင်ဦးမြို့မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များတွင်ပြန်လည်နေထိုင်ရာ၌ အိမ်၏ကြံ့ ခိုင်ရေးစစ်ဆေးခြင်း၊ ပိုးမွှားအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သောက်သုံးရေများသန့် ရှင်းမှုရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်အန္တရယ်ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ပြုလုပ် ၍ အန္တရာယ်ကင်းရှင်းမှုရှိမှသာပြန် လည်နေထိုင်ကြရေး ဆောင်ရန်/ရှောင်ရန်များ၊ အသက်ကယ်ဝတ်စုံ Life Jacket ဝတ်ဆင်နည်းတို့အား အသိ ပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းကို ယနေ့ သြဂုတ် ၁၆ ရက်တွင် ညောင်ဦးမြို့၊ အမှတ်(၇)ရပ်ကွက်၊ မြသိန်းတန်ဘုရား၊ အမှတ်(၂)ရပ်ကွက်၊ ယွန်းတန်းဓမ္မာ ရုံ၊ အမှတ်(၁)ရပ်ကွက်၊ ဆုတောင်းပြည့်ဘုရား(ယာယီရေဘေးရှောင်စခန်း)များတွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
