ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်စွာဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင်ရပ်ကွက် နှင့် ကျေးရွာများအတွင်း မဲဆန္ဒရှင်များကို MEVM စက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက် တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမျိုးလှိုင်က ပြောသည်။
ယမန်နေ့ ဩဂုတ်လ(၁၄)ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုနယ်မြေခရိုင် နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်၄င်းက ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်သည့်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသ ည်။
