Sunday, May 31, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsမော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း ဦးခန္တီဘုရားရှေ့...

မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း ဦးခန္တီဘုရားရှေ့ View Point ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းအင်အားဖြင့် သန့်ရှင်းရေးပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းမှာ အများပြည်သူများ စိတ်အပန်းဖြေ လာရောက်သည့် နေရာ ဒေသဖြစ်ခြင်းကြောင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ ဦးခန္တီဘုရားရှေ့ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မတ် ၉ ရက်၊ နံနက်ပိုင်းက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၇၀ ခန့်မှ တောင်ရိုးတန်းလမ်း၊ ဦးခန္တီဘုရားရှေ့ View Point အနီးပတ်ဝန်းကျင်၌ သန့်ရှင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သန့်ရှင်းရေးပြုလုပ်ရာတွင် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ် တောင်ရိုးတန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေ လာရောက်သည့်နေရာဒေသဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့် စေတီ၊ ပုထိုးများ စုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေး လိုက်စားသူများ အနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊ တောင်ရိုး တန်းလမ်းတစ်လျောက်လမ်းလျှောက်ခြင်းများ၊ အသက်ရှုလေ့ကျင့်ခန်းများ လာရောက် ဆောင်ရွက်ကြသည့်အတွက် ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပပြီးလေကောင်းလေသန့်များ ရှုရှိက်ရာတွင် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း လမ်းညွှန်မှာကြားခဲ့သည်။

မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်‌မြောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာ စာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071