မော်လမြိုင်မြို့၊ သီရီမြိုင်ရပ်ကွက် (၅) လမ်းထိပ် ဆိုင်ကယ်ပြင်ဆိုင်တွင် ယနေ့ နိုဝင်ဘာ (၂၁)ရက် မွန်းလွဲ(၃)နာရီအချိန်တွင် မီးစတင်လေ-ာင်ကျွမ်းခဲ့ခြင်းကြောင့် ဆိုင်ခန်း(၄)ခန်း မီးလေ-ာင်ဆုံးရှုံးခဲ့ကြောင်း ဘိုဘိုဝင်းလူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံ ကိုဘိုဘိုဝင်းက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
မီးစတင်လေ-ာင်ကျွမ်းသည့် ဆိုင်မှာ (၄) ခန်းတွဲ ဆိုင်ခန်းဖြစ်ပြီး ရှော့ဖြစ်ရာကတဆင့် ဆိုင်တွင်းရှိ စက်သုံးဆီကိုမီးကူးစက်လေ-ာင်ကျွမ်းခြင်းဖြစ်သည်ဟု ၎င်းက သူသိထားသည်ကို ရှင်းပြသည်။
“ဆိုင်ကယ်ပြင်ဆိုင်ပေါ့။ ဆိုင်ထဲမှာစက်သုံးဆီထား ထားတာပေါ့။ သိသလောက်ကတော့ ရှော့ဖြစ်ပြီးတော့ မီးလေ-ာင်တော့ စက်သုံးဆီလည်းရှိနေတော့ ကူးစက်ပြီးလေ-ာင်သွားတာ။ လေးခန်းတွဲဆိုင်ခန်းအားလုံးကူးစက်လေ-ာင်သွားတယ်”ဟု ဆိုသည်။
မီးလောင်မှုကြောင့် စတင်လေ-ာင်ကျွမ်းသည်ဆိုင်ကယ်ပြင်ဆိုင်အပါအဝင် စတိုးဆိုင်တစ်ဆိုင်၊ အပ်ချုပ်ပစ္စည်းရောင်းချသည့်ဆိုင်တို့ မီးလေ-ာင်ဆုံးရှုံးခဲ့ကြကြောင်း သိရသည်။
မီးလေ-ာင်ပြင်သို့ မွန်ပြည်နယ်မီးသ-တ်ဦးစီးမှူးရုံးမှ သန္ဓေမီးသ-တ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြှိမ်းသ-တ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ် (၃)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသ-တ်ခဲ့ကြကြောင်းမီးသ-တ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ရာမည လူမှုကူညီကယ်ဆယ်ရေးအဖွဲ့
