ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ စက်တင်ဘာ ၁၉ ရက်မွန်းတည့် ၁၂ နာရီက “လှိုင်းကြီးလေထန်ကာလများအတွင်းမှရွေးကောက်ပွဲများ” အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ဖရင့်အား ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် လွှတ်တော်အမတ်များရွေးကောက်ပွဲကို ပြည်ပရွေး ကောက်ပွဲစောင့်ကြည့်သူကိုယ်စားလှယ်အဖြစ်ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်းတက်ရောက်ခဲ့ကြောင်း သိရသည်။
ရုရှားရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Mrs. Ella Pamfilova က ဒူးမားလွှတ်တော်အမတ်များရွေးချယ်မည့် ရွေးကောက်ပွဲအစီအစဉ်များနှင့် ပြင်ဆင်ဆောင် ရွက်ခဲ့မှုများကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် (၈)နိုင်ငံမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာနိုင်ငံအလိုက် ရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်ခဲ့မှုများနှင့် အတွေ့အကြုံများကိုမျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။
