ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၁)လမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက်ည ၈ နာရီ ၄၇ မိနစ်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၉ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထိုသို့ မီးငြိမ်းသွားပြီးနောက် မီးလေ-ာင်ပြီးကျွမ်းနေသည့် ကြမ်းခင်းအောက်မှ ကြောင်ပေါက်လေးတစ်ကောင်အား ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူနှင့် သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးငြိမ်းချမ်းတို့က တွေ့ရှိခဲ့ကြကြောင်း သိရသည်။
” ကျွန်တော်တို့စတွေ့တွေ့ချင်း တုန်ပြီးကြောက်နေတယ် ။ တခြား သူ့မောင်နှမတွေတော့မတွေ့တော့ဘူး။ တွေ့တွေ့ချင်းတုန်ပြီးကြောက်နေတယ်။ နှုတ်ခမ်းမွှေးတွေလဲကောက်ကုန်ပြီ။ အသားတွေလဲ လေ-ာင်ထားတယ်။ လျှာလေးနဲ့ သူ့လက်လေးတွေကိုယက်နေရှာတယ်။ အတော်လောင်ထားပုံဘဲ”ဟု ကိုပူတူးက ပြောသည်။
ထိုသို့ ကယ်ထုတ်ပေးပြီးနောက် မီးလေ-ာင်ဒ-ဏ်ရာများရ ရှိထားသည့် ကြောင်ပေါက်လေးအား AMSC ဆေးခန်းသို့ပို့ဆောင်ပေးခဲ့ရာ ဆေးခန်းမှညတွင်းချင်းကုသမှုများပြုလုပ်ပေးခဲ့ကာ လက်ရှိအချိန်၌ ဆေးခန်းတွင်ကုသမှုခံယူလျက်ရှိပြီး ပြန်လည်သက်သာလာပါက ကိုပူတူးနှင့် ဘော်ဒါများ လူမှုကူညီရေးအသင်းမှ နေအိမ်ပိုင်ရှင်ထံဆက်သွယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Photo- ကိုပူတူး / MFSD