Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsမူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများကို  တစ်ရက်တစ်မနက်တည်း...

မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများကို  တစ်ရက်တစ်မနက်တည်း ဥုံဖွလုပ်၍ ပပျောက်မည်မဟုတ်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်ပြော

ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ အမြစ်တွယ်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည့်အတွက် တစ်ရက် တစ်မနက်တည်းဖြင့် ပပျောက် ​အောင်လုပ်ဆောင်၍မရကြောင်း KNU/KNLA – PC ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ကရင်ပြည်နယ်အတွင်း၌ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားခြင်းလုပ်ငန်းများ ၊လောင်းကစားဝိုင်းများကြောင့် ဒေသခံကရင်လူထု၏ လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိနေသည့်အတွက် ဝိုင်းဝန်းထိန်းချုပ်ကြရန် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများထံဒေသခံလူထုက အစဉ် တစိုက် တောင်းဆိုမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုနေမှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးစောကျော်ညွန့်နှင့် ပေါ်ပြူလာနယူး(စ်) တို့ သီးသန့် မေးမြန်းရာတွင် ထည့်သွင်း မေးမြန်းစဉ်၎င်းက ယခုလိုပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” အချိန်ကာလအားဖြင့် တော်တော်လေးလည်း အမြစ်တွယ်ခဲ့တာလည်း ကြာခဲ့ပြီ။တစ်ရက် တစ်မနက်တည်းနဲ့ ကျွန်တော်တို့က ဥုံဖွလုပ်ပြီး ပပျောက်အောင် လုပ်ဖို့ကတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေကတော့ ပကတိရှိနေဆဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောသည်။

ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူ လူထုအနေဖြင့် အဆိုပါ မူးယစ်ဆေးဝါးနှင့်တရားမဝင်လောင်းကစား လုပ်ငန်းများ၏ ရိုက်နှက်မှုဒဏ်ကို ခံနေရသည်မှာလည်း အမှန်တကယ် လက်တွေ့ကြုံတွေ့နေရသည့် အဖြစ်မှန်ဖြစ်ပြီး ငြင်းချက်ထုတ်ရန် မလိုသည့် အမှန်တရားပင် ဖြစ်ကြောင်းလည်း၎င်းပြောသည်။

ကရင်ဒေသခံ လူထုအနေဖြင့် ဒေသတွင်း အမြစ်တွယ်နေသည့် မူးယစ်ဆေးဝါးနှင့်လောင်းကစားလုပ်ငန်းများ ပပျောက်ရေးအတွက် ဒေသတွင်းရှိ ကရင်လက် နက်ကိုင်အဖွဲ့အစည်းများအား တောင်းဆိုမှုများ ရှိနေသည့်အပြင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသ ည့်အပေါ် ပြစ်တင်ဝေဖန်မှုများ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

” ကြိုးပမ်းဆောင်ရွက်မှုတွေကတော့ ထင်သလောက်ခရီး မရောက်ဘူးပေါ့။ ဒီအပေါ်မှာလည်း ပြည်သူ လူထုက အားမလိုအားမရတာတွေ ၊ ပြစ်တင်ဝေဖန်တာတွေကကျွန်တော် တို့ ကြုံတွေ့နေရတာက အမှန်တကယ်ပဲ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် လောင်းကစား လုပ်ငန်းများ ပပျောက်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ကရင်လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ စုဖွဲ့ထားသည့် ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေး ကော်မတီက ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းကော်မတီအနေဖြင့်လည်း လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ယင်းကော်မတီအနေဖြင့် မတ်လ (၁၀) ရက် နံနက်က KNU တပ်မဟာ(၇) နယ်မြေအတွင်းရှိ ကရင်ဒေသခံများနှင့် တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲတွင် ဒေသခံ ကရင်လူထုက မူးယစ်ဆေးဝါးနှင့် တရားမဝင်လောင်းကစား လုပ်ငန်းများ ပပျောက်အောင် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဒေသခံလူထု၏ တောင်းဆိုမှုများအရ သော်လည်းကောင်း ဒေသတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ၏ မူဝါဒအသော်လည်းကောင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများကို ထိန်းချုပ်ရန် မူဝါဒရှိပြီး လက်ရှိခေတ်အခြေအနေအရ ခရီးတွင်နိုင်ဦးမည် မဟုတ်သော်

လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေဖြင့် ပြောပြသည်။

” ကျွန်တော်တို့ လုပ်နေရတဲ့ ကျွန်တော်တို့ရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကတော့ ကျွန်တော်တို့ မျှော်မှန်းသလောက် ခရီးမပေါက်ဘူး ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ ဝန်ခံပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ကော်မတီအနေနဲ့ကတော့ ဒီရည်မှန်းချက်အပေါ်မှာ လုပ်နိုင်သရွေ့ကတော့ တစိုက်မှတ်မှတ် လုပ်နေတယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ် ခင်ဗျ” ဟု ၄င်းကပြော သည်။

ကရင်ပြည်နယ်အတွင် ကရင်နယ်ခြားစောင့်တပ် BGF ထိ န်းချုပ်နယ်မြေဖြစ်သည့် ရွှေကုက္ကို မြို့သစ်မှာ တရားမဝင်လောင်းကစားမှုများ ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖော က်ကားမှုများ ၊ လူကုန်ကူးမှုများ ၊ အဓမ္မအလုပ်ကိုင်းစေမှုများဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်မှာ နှစ်အတန်ကြာ ကြာမြင့်နေပြီ ဖြစ်သော်လည်း နယ်ခြားစောင့်တပ်တစ်ခု ထိန်းချုပ်ရာ နယ်မြေဖြစ်နေသည့်အတွက် လက်ရှိအချိန်ထိ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ အဆိုပါ ပြစ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ သတင်းများမှ ဖော်ပြချက်များအရ သိရသည်။

ထို့အပြင် KNU ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ပတ်သက်မှု ရှိသည်ဟု စွတ်စွဲခံထားရသည် မောထော်သလေးမြို့သစ် စီမံကိန်းတွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ ၊ တရားမဝင်လောင်းကစား လုပ်ငန်များ လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများ ရှိနေသည့် အတွက် ဒေသခံကရင်လူထု၏ လူမှုဘဝကို ထိခိုက်နစ် နာသည်ဟုဆိုကာ  KNU ဗဟိုကော်မတီတစ်ဖွဲ့လုံး နှုတ် ထွက်ရန် ကမ္ဘာတစ်ဝန်းရှိ ကရင် အရပ်ဖက်အဖွဲ့အစည်း (၆၈) ဖွဲ့က လက်မှတ်ရေးထိုးတောင်းဆိုမှုများ လုပ်ဆောင်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071