ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင်အခြေပြုကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၉၄) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ယနေ့ ဇွန် ၁၃ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ နေအိမ်(၁) လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားအမျိုးသား(၁၇)ဦး၊ မြန်မာ နိုင်ငံသားအမျိုးသား(၃၄)ဦး၊ အမျိုးသမီး(၃၇)ဦးတို့ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁)ဦးတို့က်ုလည်း လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြုလုပ်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ပြီး သိမ်း ဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
