စင်ကာပူ၊ ဇွန်လ ၁၃ ရက်
အမေရိကန် ပေါ့ပ်စတား တေလာဆွစ်ဖ် ၏ ဖယောင်းရုပ်တုကို လာမည့် ဇွန်လ ၂၆ ရက် နေ့မှ စက်တင်ဘာလ ၂၇ ရက် နေ့အထိ စန်တိုဆာရှိ မဒမ်တူဆော့ဒ်စင်ကာပူ ပြတိုက်တွင် ပြသသွားမည်ဖြစ်ရာ ဆွစ်ဖ်တီးစ်များဟုခေါ်သည့် တေလာဆွစ်ဖ်၏ ပရိသတ်များ အနေဖြင့် ၎င်းနှင့်အတူ ဓာတ်ပုံတွဲရို-က်ခွင့် ရရှိတော့မည် ဖြစ်သည်။
အဆိုပါ ဖယောင်းရုပ်တုသည် သူ၏ စံချိန်တင်အောင်မြင်ခဲ့သော “Eras Tour” ဖျော်ဖြေပွဲ၏ “Lover” အပိုင်းတွင် ဝတ်ဆင်ခဲ့သည့် Versace အမှတ်တံဆိပ် ပန်းရောင်၊ အပြာရောင်နှင့် ငွေရောင် ရောယှက်နေသော ကိုယ်ကျပ်ဝတ်စုံ (Leotard) ပုံတူကို ဝတ်ဆင်ထားသည်။ ယခုရုပ်တုသည် ကမ္ဘာတစ်ဝန်းရှိ မဒမ်တူးေဆာ့ဒ် ပြတိုက်များတွင် ပြသရန်အတွက် ၂၀၂၅ ခုနှစ်က တစ်ပြိုင်နက်တည်း ထုတ်လုပ်ခဲ့သော တေလာဆွစ်ဖ်၏ ဖယောင်းရုပ်တု ၁၃ ခုအနက် တစ်ခုဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
