လာမည့် ဇွန် ၁ ရက်မှစတင်မည့် ၂၀၂၆ -၂၀၂၇ ပညာ သင်နှစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၌ အခြေခံပ ညာစာသင်ကျောင်း(၁၀၁)ကျောင်းအပြင် ကိုယ်ပိုင် ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အထက်တန်းကျောင်း(၁၃)ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁၀)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း (၅၀)ကျောင်းတို့အပြင် ကိုယ်ပိုင်ကျောင်း(၁၉)ကျောင်း ၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်မှစတင်ပြုလုပ်လျက်ရှိပြီး နိုင်ငံတော်အစိုးရကအခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများကို ကျောင်းသား/သူများအားပေးအပ်လျက်ရှိကြောင်း သိရသည်။