စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ခိုးယူထားသည်ဟု ယူဆရသည့် ဆိုင်ကယ်များနှင့်အတူ အမျိုးသား ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုံရွာခရိုင်ရဲတပ်ဖွဲ့၊ မုံရွာမြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်စဉ် ဇော်ဇော်လင်း (ခ) ဇော်လင်း၊ မောင်ဇော် (ခ) ဇော်ဇော်၊ ကျော်မြင့်ထွန်း (ခ) ဗူးသီး၊ စိုးမိုးအောင် (ခ) ဝေထွန်းနှင့် ရဲမင်းထက်တို့အား ခိုးယူထားသည်ဟု ယူဆရသည့် ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သိမ်းဆည်းရမိထားသည့် ဆိုင်ကယ်များကို မူလပိုင်ရှင်များထံ ပြန်လည်အပ်နှံနိုင်ရေးအတွက်လည်း စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။
