
Facebook Cele တစ်ဦးဖြစ်တဲ့ Kelvin Kate (ခေါ်) အောင်သူလွင်က အနုပညာအလုပ်တွေကို စတင်ပြုလုပ်နေပြီဖြစ်ပြီး ဒါရိုက်တာ သားညီရိုက်ကူးတဲ့ “သင်္ကြန်အလွဲများ” Mini series မှာလည်း ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကတော့ အပိုင်း၁၅ပိုင်း ပါဝင်မှာဖြစ်ပြီး အွန်လိုင်းပေါ်မှာပဲ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဒီဇာတ် လမ်းတွဲက အောင်သူလွင်အတွက် ပထမဆုံးဖြစ်ပြီး ဒီလိုအွန်လိုင်းမှာ ဖြန့်ချိခြင်းအပေါ် သူ့ရဲ့အမြင်ကို မေးမြန်းတော့ ..
” ကျွန်တော်က ဒီဇာတ်ကားထဲမှာ လုပ်လိုက်တိုင်းပေါက်ကရတွေ ဖြစ်နေတဲ့ တောသားနေရာကပါ။ အရင်ကတော့ ကျွန်တော် တောသား မြို့တက်ဆိုပြီး ဗီဒီယိုလေးတင်ဖူးပါ တယ်။ အခုကတော့ ကျွန်တော် ရိုက်ကူးနေကျ၊ တင်နေကျ ဗီဒီယိုပုံစံမျိုးမဟုတ်ပါဘူး။ ဒါကြောင့် တအား ပေါလို့တော့မရဘူး။ ဒါကြောင့် ကိုယ့်ကာ ရိုက်တာ နဲ့လည်း အံဝင်ခွင်ကျဖြစ်အောင် Team Work နဲ့လည်း လုပ်နိုင်အောင် အများကြီး ပြင်ဆင်နေပါတယ်။ ဒီဇာတ်ကားကို အွန်လိုင်းမှာ ဖြန့်မယ်ဆိုတာကို ကျွန်တော် ကြိုက်ပါတယ်။ ဒီလိုမျိုး ဘယ်သူမှလည်းမလုပ်ဖူး သေးဘူး။ ကိုယ်လုပ်မယ့်အလုပ် တစ်ခုအပေါ်မှာ အကောင်းဆုံး ကြိုးစားရင် နောက်လူတွေလည်း လုပ်လာနိုင်မှာပါ” လို့ အောင်သူ လွင်ကပြောပါတယ်။ အောင်သူ လွင်က ဒီဇာတ်လမ်းတွဲမှာတော့ ကွီးကြုံးနိုင်ဆိုတဲ့ ကာရိုက်တာနဲ့သရုပ် ဆောင်သွားမှာဖြစ်ပါတယ်။
မြတ်မိုးပွင့်
