ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ချင်းရိုင်ခရိုင်တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့သကဲ့သို့ ခရိုင်အများအပြားတွင် ၂၄ နာရီ ကြာ မိုးရွာသွန်းလျှက်ရှိနေသည်။
ရေကြီးမြေပြိုသဖြင့် စုစုပေါင်း ခရိုင် ၅ ခု၊ ခရိုင်ခွဲ ၈ ခုနှင့် ကျေးရွာ ၂၂ ရွာတို့ သည် ရေဘေးဒုက္ခရောက်နေခဲ့ရသည်။ အိမ်ထောင်စု (၁၀၀) ခန့် ထိခိုက်ခဲ့သည်။
စိုက်ပျိုးမြေဧရိယာများနှင့် အခြားပျက်စီးမှုများကို တိုင်းတာစစ်ဆေးနေပြီး ကိန်းဂဏန်းများကို စာရင်းပြုစုလျက်ရှိသည်။ ထိခိုက်ဒဏ်ရာရမှု များနှင့် ေ-သဆုံးမှုများ မရှိကြောင်း သိရသည်။
Phra Mengrai ခရိုင် တွင် ခရိုင်ခွဲများ၌ ရုတ်တရက် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သဖြင့် တာဝန်ရှိသူများက ဒေသခံများကို အရေးပေါ် နေရာရွှေ့ပြောင်းပေးခဲ့သည်။ ချင်းရိုင် ပြည်နယ် Phra Mengrai ခရိုင်တွင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီက ရုတ်တရက် ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။
အာဏာပိုင်များသည် လတ်တလောတွင် အကူအညီများကို ရရှိရန်လုပ်ဆောင်နေပြီး အန္တရာယ်များသောနေရာများတွင် နေထိုင်သူများကို ပစ္စည်းများ ရွှေ့ပြောင်းရန်နှင့် သက်ကြီးရွယ်အိုများ၊ အိပ်ရာထဲလဲနေသော လူနာများနှင့် မသန်စွမ်းသူများကို ချက်ခြင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးချက်များကို ထုတ်ပြန်ထားသည်။
မိုင်းရိုင်း-မဲတမ် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း၌ လက်ရှိတွင် ယာဉ်ကြော တစ်ေကြာသာ သွားလာနိုင်သည်။
အုပ်ချုပ်ရေးအရာရှိများနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ၂၄ နာရီ စောင့်ကြည့်ကူညီလျက်ရှိပြီး ကဏ္ဍအသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
Source:khaosod
