Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesမိုးထဲ လေထဲ ရင်ထဲ...

မိုးထဲ လေထဲ ရင်ထဲ မှ မီးခဲ


အသက်အရွယ်ကြီးသူတို့ဟာ စိတ် ပူတတ်ကြတယ်ဟု လူပြောများ သည်။ ကျွန်တော်လည်း အသက်ကြီး ပါပြီ။ အခု ၈၃ နှစ်။ မကြာမီ ၈၄ နှစ်ထဲ ရောက်လုပြီ။ ဟိုတွေးသည် တွေးနှင့် စိတ်ပူမိခြင်းမဟုတ်။ သတင်း စာတွေ၊ ဂျာနယ်တွေ၊ Facebook ဖန်သားပြင်တွေမှရရှိလာသော စိတ် ပူခြင်းရောဂါဖြစ်သည်။

မကြာမီက ကုန်လွန်ခဲ့သော နွေ ရာသီမှာ ရာသီဥတုကထူးကဲစွာပူသည် ဟုဆိုကြပါသည်။ ထိုစဉ် ပူလောင်သော ကာလမှာ ရင်ပူစရာသတင်းကို Facebook မှာ တွေ့လိုက်ရသည်။ အထက်အညာဒေသမှ အဖိုးတန် ထန်းပင်များကို တစ်ပင်လျှင် ကျပ် တစ်သောင်းနှင့် အပင်ငါးသောင်း ဝယ်ရန် တစ်ဖက်နိုင်ငံမှ လာ ရောက် စာချုပ်ချုပ်သည်ဟူသော သတင်းကို ထန်းပင်များ ဓာတ်ပုံ အလှနှင့်တကွ Facebookပေါ်မှာ တွေ့လိုက်ရသည်။

နွေခေါင်ခေါင်မှာ ‘သင်္ကြန်အေး အေးရင်ပူပူ’ဟူသော ခေါင်းစဉ်နှင့် ကျွန်တော်စာတစ်ပုဒ်ရေးသည်။ အညာဒေသမှ ထန်းပင်တစ်ပင် ဖြစ် ဖို့မလွယ်။ ထန်းပင်တစ်ပင် ဖြစ်ဖို့ စောင့်ရမည့်ကာလ။ ထိုကာလအ တွင်း ထန်းတောမိသားစုတို့ ဘဝ ပျက်ရချည်ရဲ့ဟု ရင်ထုမနာ ဖြစ်ရ သည်။

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ အရှေ့မြောက်ဒေသတွင် တပ် ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့ရစဉ် တစ်ဖက်နိုင်ငံမှ စက္ကူစက်အတွက် သူ့ နယ်မြေမှာ သစ်ပင်ခုတ်ခွင့်မပြု။ မြန်မာပြည်နယ်စပ်မှ ပလောင် တောင်ကြောမှ သစ်ပင်၊ ဝါးပင်တွေ အမြစ်ကစ ခုတ်ယူသောသတင်း၊ ၂ဝဝဝ ပြည့်နှစ်လွန်ကာလ ထိုလူများ ဆီက နယ်ဘက်တာဝန် ထမ်းဆောင် စဉ်ကာလ တစ်ဖက်နိုင်ငံမှ ဖရဲသီး အလုံးတစ်သိန်းဝယ်မည်။ တစ်လုံး လျှင် တစ်ဒေါ်လာရောင်းလျှင် ဒေါ်လာတစ်သိန်းရမည်ဟူသော ခံယူချက်ကို စစ်ကိုင်းတိုင်းအတွင်း သင်တန်းကျောင်းမှ အားစိုက်ခဲ့သေး သည်။

ဖရဲတွေ သီးသောအခါ ဟိုအ ကြောင်းပြ၊ သည်အကြောင်းပြနှင့် မဝယ်ဖြစ်။ ဖရဲသီးတစ်သိန်းကို ဒေသ ပေါက်ဈေး မြန်မာငွေနှင့် ရောင်းခဲ့ရ သော မျက်မြင်ဖြစ်စဉ်များကို ကိုး ကားလျက် ထန်းပင် Export ဆန့် ကျင်ရေးစာရေးခဲ့ဖူးသည်။

ဟော ယခုစစ်ကိုင်းတိုင်းတို့ ရှမ်း ပြည်နယ်အစွန်အဖျားတို့ သာမက တစ် တိုင်းပြည်လုံး ဒုက္ခတွေ့စရာသတင်း ကြားရပြန်ပြီ။ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ဆရာညိုသစ်ငယ်က သူ့ရဲ့Facebook မှာ ရင်တုန်ပန်းတုန် ခံစားမှုမျိုးစုံနှင့် တင်လာသော သတင်းဖတ်လိုက်ရပါသည်။ မူဆယ် လမ်းကြောင်းမှ ကုန်သည်တစ်ဦးကို နွားအကောင် ၁ဝဝ ပြည်ပပို့ခွင့် တရားဝင် ခွင့်ပြုထားသည်။ တရား မဝင် လမ်းကြောင်းမှလည်း ရွှေလီ မြစ်ဖြတ်ပြီး ရောင်းချမှုတွေ ရှိသည် ဟု ဆိုထားသည်။ နွားတစ်ကောင် ကျပ် ၄၅ သိန်းအထိ အစားစားရှိ သည်ဟုဆို၏။ ရင်မောစရာ သတင်း ဆိုးကြီးပါတည်း။

ပြည်တွင်းမှာ ရေကြီးနေသည်။ နှစ်စဉ် ရေကြီးနေကျဒေသများသာ မဟုတ်၊ သည်နှစ်မှာ တစ်ပြည်လုံး ရေတွေကြီးသည်။ လယ်စိုက်မည့် လယ်သမားတွေ မိတ်ဆွေမိုးကို ရန်ငြိုးရမလို ဖြစ်နေပါပြီ။ ယခု နှစ် စပါးအထွက်လျော့မှာ သေချာ သည်။

ယခင်နှစ်က ဘတ်ဂျက်လိုငွေ နည်းနည်းလေး ခုမိကာမိဖို့ ဆန်တွေ ဖိတင်ပို့ခဲ့ရသည်။ တန်ချိန်သုံး သန်းကျော် တင်ပို့ခဲ့မှုကြောင့် ဒီနှစ် တင်ပို့မှု လျော့မည်ဟု ဆန်စပါး အသင်းချုပ်က ပြောထားသည်။ ယခု မိုးကြီးရေလျှံလို့ စိုက်ဧကတွေ လျော့ မှာသေချာသည်။ ပိုဆိုးပြီ။
ယခုနှစ်ပိုင်းတွေမှာ ဆန်သား တွေသာမက စပါးတင်ပို့မှုတွေပါ ရှိ ခဲ့သောကြောင့် လက်ကျန်စပါးမရှိ။ ပြည်တွင်းစားသုံးမှုအတွက် လိုအပ် သော ၇ဝ ရာခိုင်နှုန်း လက်ဝယ် ထားဖို့ ခက်နေသည်ဟုဆိုသည်။

စပါးလက်ကျန်မရှိသည့်အထဲ မိုးကဖျက်သည်။ လာမည့်နှစ် ဘတ် ဂျက်ကို အစိုးရမည်သို့ ဖြေရှင်းမည် မသိ။ ဆန်စပါး ပြည်ပပို့ရေး မျှော် လင့်ချက် အပြည့်နှင့် ရေးဆွဲထား သော ဘတ်ဂျက် ဘယ်လိုဖြည့်ကြမှာ လဲ။ ဘယ်နိုင်ငံ၊ ဘယ်မိတ်ဆွေက လာပြီး ထောက်ပံ့ပါမည်နည်း။
ယခုနွားတွေ ရာနှင့်ချီပို့ခွင့်ပြု ထားသည်။ ကုန်သည် ၁ဝ ဦးပို့လျှင် နွား ၁ဝဝဝ ထွက်သွားမည်။ ကုန် သည် ၁ဝဝ က နွားတွေထုတ်ရောင်း လျှင် ……။ ကုန်သည်တစ်ဦး နှစ်ခေါက်၊ သုံးခေါက်ဝယ်မည်၊ ပို့ မည်။ မတွက်ရဲတော့ပါ။ မတွေးကြည့် ရဲတော့ပါ။

လောလောဆယ် ကြွေးဆပ်ဖို့ လယ်သမားက နွားတွေရောင်းမည်။ နွားမ၊ နွားထီး၊ နွားအို၊ နွားပေါက်စ ရသမျှ ရောင်းမည်။ နောက်တစ်နှစ်၊ နောက် ငါးနှစ်၊ နောက်ဆယ်နှစ် ဘယ်သူမှ မတွေးကြတော့ဘူးလားဟု နေပြည် တော် ဟစ်တိုင်ရှေ့မှာ ဟစ်တိုင်ဟစ် ရမလို ဖြစ်နေပြီ။ အားလုံးသိနေကြပါသည်။ မြန်မာ တစ်ပြည်လုံးမှာ လယ်ယာလုပ်နိုင် သူတွေ မရှိသလောက်ရှားနေပြီ။ ပြည်ပသို့ထွက်၍ အလုပ်တွေ လုပ် နေကြသည်။ တစ်သန်း၊ နှစ်သန်း၊ သုံးလေးသန်းသော အရွယ်ကောင်း တွေ လယ်ယာမဆင်းတော့ပါ။ ပြည် ပသွား အလုပ်လုပ်၊ အိမ်ကို ငွေပြန်ပို့ မိသားစုအတွက် ဝင်ငွေအဆင်ပြေ သည်။

တစ်နှစ်ပြီးတစ်နှစ် လယ်ယာ လုပ်သားတွေ လျော့လျော့လာပြီ။ ယခု နွားတွေရာနှင့် ထောင်နှင့်ချီ၍ ပြည်ပပို့ခွင့်၊ တရားဝင်ခွင့်ပြုပြီ ဆိုသောအခါ မြန်မာတွေ ဘာစား ကြမည်နည်း။ ဘာတွေထုတ်လုပ်ကြ မည်နည်း။ လေနှင့်စီမံကိန်းရေးဆွဲ၊ လေနှင့် စိုက်ပျိုး၊ လေသီးနှံတွေ စားသုံးနေကြတော့မှာလား။

စကားပြောတာ၊ တရားဟော တာ၊ လေနှင့်ပြော လေဖွင့်ဟော လို့ရပါသည်။ ဝမ်းဗိုက်ပြည့်ဖို့ လေနှင့် စားလို့မရပါ။

လွန်ခဲ့သော ဆယ့်ငါးနှစ်က ဗီယက်နမ်နိုင်ငံသို့ ကျွန်တော်ရောက် ခဲ့သည်။ နယ်နိမိတ်ချင်းဆက်နေ သော နိုင်ငံကြီးက လူဦးရေများ သောကြောင့် ရိက္ခာလိုသည်။ စပါး ဝယ်သည်။ ဆန်ဝယ်သည်။ တိရစ္ဆာန် တွေဝယ်သည်။ြေ>ွမဝယ်သည်။ စာက လေး၊ ငှက်၊ ဆက်ရက်ငှက် စသည်တို့ သာမက တီကောင်ဝယ်သည်၊ ဗီ ယက်နမ်တို့က မရောင်းပါ။ တိရစ္ဆာန် ဆိုတာ လူကိုအကျိုးပြုသည်။ လယ် ဖျက်ပိုးတွေကို တိုက်ခိုက်စားသုံး ကြသည်။ တီကောင်သည်ပင်လျှင် လယ်မြေတွေထဲမှာ မြေကိုမွစေသည်။ မြေမကျစ်အောင် မြေမွအောင် ထွန် ကြယက်ကြရသည် မဟုတ်ပါလား။

ဗီယက်နမ်အစိုးရက အခြေခံကို စဉ်းစားသည်။ ပြည်ပရောင်းချမှု ပိတ်သင့်တာပိတ်သည်။ မလိုက်နာ လျှင် ထိရောက်စွာ အရေးယူသည်။ လူကိုမကြည့်၊ မူကိုကြည့်သည်။ ဘာ စနစ်ကျင့်သုံးသည်ဆိုဆို ရေးဆွဲ သော စီမံချက်ကို တိတိကျကျ အကောင်အထည်ဖော်သည်။ ကုန် ထုတ်လုပ်မှုတွေတိုးသည်။ စီမံကိန်း အတိုင်း ဝင်ငွေရသည်။

ကျွန်တော်တို့နိုင်ငံ ကုန်ထုတ် လုပ်မှုတွေ ကျနေသည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုအတွက် ကုန်ထုတ်စွမ်း အားစုတွေလိုသည်။ စီမံကိန်းရေးဆွဲ သူတွေသိကြမှာပါ။ ကုန်လုပ် ဆက်ဆံရေး၊ ကုန်ထုတ်စွမ်းအားစု၊ ကုန်ထုတ်သွင်းအားစုဆိုတဲ့ စကား လုံးတွေ စာရွက်ပေါ်မှာ ရှိကြပါသည်။ သင်ခဲ့ကြားခဲ့ ဖတ်ခဲ့ မှတ်ခဲ့ကြမှာပါ။ ရေးဆွဲသော စီမံချက်ခိုင်မာဖို့၊ စီမံ ချက်ကို အကောင်အထည်ဖော်ဖို့သာ အရေးကြီးပါသည်။
ကုန်ထုတ်ကိရိယာဆိုသည်မှာ ကုန်ထုတ်စွမ်းအားစုထဲမှာ ဘာတွေ ပါသလဲ။ စားကုန်သောက်ကုန်၊ လူသုံးကုန်ထွက်ဖို့ ပြည်ပတင်ပို့ဖို့ ဘယ်ဟာတွေလိုသလဲ။ မိုးပေါ်က ကျမလာပါ။ လူ၊ တိရစ္ဆာန်၊ ကုန်ကြမ်း၊ သယံဇာတတွေ လျော့နည်းလာရာမှ ကုန်ခန်းသွားလျှင် မြန်မာတစ်ပြည် လုံး၊ တစ်မျိုးသားလုံး၊ ‘ပုံပြင်ထဲက ကုဋေရှစ်ဆယ်ကြွယ်သော သူဋ္ဌေး သား’ဘဝရောက်ကြရမှာလားဟု အမျိုးသားရေးတွေး သောကအပူနှင့် ရေးလိုက်မိပါပြီ။

သည်လိုသည်လိုရေးလိုက်ရ ခြင်းသည် စာပေလောကသားတစ် ယောက်က အမျိုးသားရေးတာဝန် ထမ်းဆောင်လိုက်ရခြင်းဟုသာ ယုံ ကြည်မိထားရပါသည်း။

မောင်ဆွေသက်

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071