မန္တလေးငလျင်ကြီးဒဏ်သင့် နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့၌ ကူညီထောက်ပံ့လှူဒါန်းမှုများပြုလုပ်ရန် မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များ ယနေ့ ဧပြီ ၁၉ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ မိုင်းဖုန်းမှထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များသည် ကားအစီး(၄၀)ခန့်ဖြင့် တာချီလိတ်-မိုင်းဆတ်သွားကားလမ်းအတိုင်းကြွရောက်၍ မိုင်းပန်မြို့၊ တောင်ကြီးမြို့၊ မန္တလေးမြို့တို့တွင် ညအိပ်တော်မူကြမည်ဖြစ်ကာ မန္တလေးမြို့၌ ငလျင်ကူညီထောက်ပံ့ရေးပစ္စည်းများကိုလှူဒါန်းပြီးနောက် ပြင်ဦးလွင်မြို့တွင် ညအိပ်တော်မူမည်ဖြစ်သည်။
ထို့ပြင် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ပြန်လည်ကြွရောက်ပြီး နေပြည်တော်သို့ဆက်လက်ကြွရောက်ကာ ငလျင်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းပြီးနောက် နေပြည်တော်တွင် ညအိပ်တော်မူပြီး ရန်ကုန်မြို့သို့ထပ်မံကြွရောက်ကာ ရန်ကုန်မြို့တွင် ၃ ရက်ခန့် အပူဇော်ခံပြီးညအိပ်တော်မူမည်ဖြစ်ကာ ထိုမှတစ်ဆင့် တောင်ကြီးမြို့သို့ပြန်လည်ကြွရောက်တော်မူမည်ဖြစ်သည်။
” ခရီးစဥ်ကတော့ ရက်အလိုက်ဆွဲထားတယ်။ သို့သော် ဆရာတော်ကြီးရဲ့ ဆန္ဒတော်အရအပြောင်းအ လဲတွေတော့ရှိနိုင်ပါတယ်”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။
မိုင်းဖုန်းဆရာတော်ကြီး၏ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့လှူဒါန်းခြင်းခရီးစဥ်၌ အလှူ ရှင်(၉၀)ဦးကျော်လိုက်ပါလာကာ ကား(၄၀)စီးခန့်လည်းပါဝင်သည်။