၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ ကြေညာခဲ့ရာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စာစစ်ဌာန (၉) ခု၌ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ (၄,၅၅၃) ဦးအနက် (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး အပါအဝင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ (၂,၈၆၅) ဦး ရှိခဲ့ကြောင်း သိရသည်။
(၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၄၇) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၈၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၉၉) ဦး၊ (၂) ဘာသာဂုဏ်ထူး (၁၆၅) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၄၃၅) ဦးရှိခဲ့ပြီး ရိုးရိုးအောင်မြင်သူ (၂,၀၂၁) ဦးရှိခဲ့ကြောင်း သိရသည်။
