မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အနောက်ရပ်ကွက်၊သံလျှက်မှော်အနောက်လမ်းမကြီး၊၄၁လမ်းနှင့်၄၂လမ်းကြား၊သီတာရုံဘုန်းကြီးကျောင်း
ရှေ့တွင် အမျိုးသားတစ်ဦးအား ဇန်နဝါရီ(၂၈)ရက် ညနေ၄နာရီ၂၀မိနစ်က အမည်မသိလူနှစ်ဦးမှ သေနတ်
ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ အသိုင်းအဝိုင်းမှစုံစမ်းသိရှိရသည်။
“ဒီနေ့ညနေက သံ/နောက်ရပ်ကွက်ထဲကသီတာရုံကျောင်းရှေ့မှာ ဆိုင်ကယ်စီးလာတဲ့လူတစ်ယောက်ကို Scoppyစီးလာတဲ့လူ၂ယောက်ကအနီးကပ်သေနတ်နဲ့ကပ် ဆက်တိုက်ကိုပစ်သွားတာ။အပစ်ခံရတဲ့လူလည်း ကျောင်းရှေ့မှာတင် ဆိုင်ကယ်လဲပြီး မှောက်သွားတာ။ခဏနေတော့ လူနာတင်ကားနဲ့ခေါ်သွားတာ တွေ့လိုက်ရတယ်´´ဟု ဒေသခံပြည်သူတစ်ဦးမှပြောသည်။
သေနတ်ပစ်ခံရမှုဖြစ်စဉ်မှာ ဦးဝင်းဇော်မိုး(ခ)ဇော်ကြီးသည် သံလျှက်မှော်အနောက်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ စိန်ပန်းရပ်ကွက်ရှိ မိခင်ဖြစ်သူနေအိမ်သို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ရာ ၄၁x၄၂လမ်းကြား၊သံလျက်မော်အနောက်လမ်းမကြီးမပေါ် သီတာရုံဘုန်းကြီးကျောင်းရှေ့အရောက်တွင် Scoppyဆိုင်ကယ်စီးလာသော အမည်မသိအမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ၆ချက်ခန့်ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့ကာ သေနတ်ဖြင့်အပစ်ခံရသူ ဦးဝင်းဇော်မိုးသည် ယာလက်ဖျံဖောက်ထွက်ဒဏ်ရာ၊ယာဂုတ်ပိုးဖောက်ဝင်ဒဏ်ရာ၊ဝဲလက်ဖျံဖောက်ထွက်ဒဏ်ရာ၊ဝဲလက်မောင်းဖေက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ပြီး မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ်ဖြင့် ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရကြောင်း စုံစမ်း သိရှိရသည်။
မန္တလေးမြို့တွင် ယခုဖြစ်စဉ်အပါအဝင် ဇန်နဝါရီလအတွင်း သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု(၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
Zaw Gyi
မဟာေအာင္ေျမၿမိဳ႕နယ္ သံလွ်က္ေမွာ္အေနာက္ရပ္ကြက္တြင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ
မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္၊သံလွ်က္ေမွာ္အေနာက္ရပ္ကြက္၊သံလွ်က္ေမွာ္အေနာက္လမ္းမႀကီး၊၄၁လမ္းႏွင့္၄၂လမ္းၾကား၊သီတာ႐ုံဘုန္းႀကီးေက်ာင္း
ေရွ႕တြင္ အမ်ိဳးသားတစ္ဦးအား ဇန္နဝါရီ(၂၈)ရက္ ညေန၄နာရီ၂၀မိနစ္က အမည္မသိလူႏွစ္ဦးမွ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ အသိုင္းအဝိုင္းမွစုံစမ္းသိရွိရသည္။
“ဒီေန႔ညေနက သံ/ေနာက္ရပ္ကြက္ထဲကသီတာ႐ုံေက်ာင္းေရွ႕မွာ ဆိုင္ကယ္စီးလာတဲ့လူတစ္ေယာက္ကို Scoppyစီးလာတဲ့လူ၂ေယာက္ကအနီးကပ္ေသနတ္နဲ႔ကပ္ ဆက္တိုက္ကိုပစ္သြားတာ။အပစ္ခံရတဲ့လူလည္း ေက်ာင္းေရွ႕မွာတင္ ဆိုင္ကယ္လဲၿပီး ေမွာက္သြားတာ။ခဏေနေတာ့ လူနာတင္ကားနဲ႔ေခၚသြားတာ ေတြ႕လိုက္ရတယ္´´ဟု ေဒသခံျပည္သူတစ္ဦးမွေျပာသည္။
ေသနတ္ပစ္ခံရမႈျဖစ္စဥ္မွာ ဦးဝင္းေဇာ္မိုး(ခ)ေဇာ္
ႀကီးသည္ သံလွ်က္ေမွာ္အေနာက္ရပ္ကြက္ရွိ ၎၏ ေနအိမ္မွ စိန္ပန္းရပ္ကြက္ရွိ မိခင္ျဖစ္သူေနအိမ္သို႔ ဆိုင္ကယ္ျဖင့္ သြားေရာက္ခဲ့ရာ ၄၁x၄၂လမ္းၾကား၊သံလ်က္ေမာ္အေနာက္လမ္းမႀကီးမေပၚ သီတာ႐ုံဘုန္းႀကီးေက်ာင္းေရွ႕အေရာက္တြင္ Scoppyဆိုင္ကယ္စီးလာေသာ အမည္မသိအမ်ိဳးသားႏွစ္ဦးမွ ေသနတ္ျဖင့္ ၆ခ်က္ခန္႔ပစ္ခတ္ၿပီးထြက္ေျပးသြားခဲ့ကာ ေသနတ္ျဖင့္အပစ္ခံရသူ ဦးဝင္းေဇာ္မိုးသည္ ယာလက္ဖ်ံေဖာက္ထြက္ဒဏ္ရာ၊ယာဂုတ္ပိုးေဖာက္ဝင္ဒဏ္ရာ၊ဝဲလက္ဖ်ံေဖာက္ထြက္ဒဏ္ရာ၊ဝဲလက္ေမာင္းေဖက္ဝင္ဒဏ္ရာ(မစိုးရိမ္ရ)မ်ားရရွိခဲ့ၿပီး မဟာလူမႈကယ္ဆယ္ေရးအဖြဲ႕ယာဥ္ျဖင့္ ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ခဲ့ရေၾကာင္း စုံစမ္း သိရွိရသည္။
မႏၲေလးၿမိဳ႕တြင္ ယခုျဖစ္စဥ္အပါအဝင္ ဇန္နဝါရီလအတြင္း ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္မႈ(၃)ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့သည္။

