Wednesday, April 8, 2026

ဗီယက်နမ်လွှတ်တော်ကဒုတိယဝန်ကြီးချုပ် (၆) ဦး ခန့်အပ်မှုကို...

ဟနွိုင်း၊ ဧပြီလ ၈ ရက် ဗီယက်နမ်နိုင်ငံ၏ (၁၆) ကြိမ်မြောက် အမျိုးသားလွှတ်တော်သည် ၂၀၂၆-၂၀၃၁ သက်တမ်းအတွက် ဒုတိယဝန်ကြီးချုပ် (၆) ဦး၊ ဝန်ကြီး...

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံ၌ ဆွမ်းတော်ဆက်ကပ်ခြင်းနှင့် မင်္ဂလာအခမ်းအနားများ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနှစ်သစ်မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်...

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ လမ်းလျှောက်သင်္ကြန်ကျင်းပမည်

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ညောင်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်အတွက် ညောင်ဦးမြိုနယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာအနီး သရပါတံခါးမှ ဗူးဘုရားလမ်းဆုံအထိ ရေကစားမဏ္ဍပ်များနှင့်...

MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း(ပထမအသုတ်)သင်တန်းဆင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အခမဲ့ဖွင့်လှစ်ခဲ့သည့် "MFF Summer Football Skills Course 2026" (ပထမအသုတ်) သင်တန်းဆင်းပွဲကို ယနေ့ ဧပြီ ၈...
HomeNewsLocal Newsမဟာသင်္ကြန်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ ရုံးချိန်ပြည့်...

မဟာသင်္ကြန်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ ရုံးချိန်ပြည့် ဆက်လက်ဆောင်ရွက်ပေးမည်

၂၀၂၆ ခုနှစ် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အကောက်ခွန်ဦးစီးဌာနမှ အထူးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါကြေညာချက်အရ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေကြောင်းများမှတစ်ဆင့် တင်သွင်း၊ တင်ပို့မည့်ကုန်ပစ္စည်းများကို သင်္ကြန်ရုံးပိတ်ရက်ဖြစ်သော ဧပြီ ၁၁ ရက်၊ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ရုံးချိန်ပြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်လိုအပ်ချက်အရ အရေးတကြီးတင်သွင်းလာသော ပစ္စည်းများကို ကြိုတင်လျှောက်ထားပါက ထုတ်ယူနိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အချိန်ပို (Overtime) လုပ်ငန်းများ ဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်နှင့်ပတ်သက်သည့် Deposit ငွေ လုံလောက်စွာထားရှိရမည်ဖြစ်ပြီး ဧပြီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီမတိုင်မီ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် Asia World ဆိပ်ကမ်းတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှအပ ကျန်ရုံးပိတ်ရက်များအတွင်း ပို့ကုန်ကုန်သေတ္တာများ စစ်ဆေးတင်ပို့မှုကို အချိန်ပိုဖြင့် သုံးဆိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးများတွင်လည်း သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ ဆက်လက်လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့ရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာနက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်လွှတ်တော်ကဒုတိယဝန်ကြီးချုပ် (၆) ဦး ခန့်အပ်မှုကို အတည်ပြု

ဟနွိုင်း၊ ဧပြီလ ၈ ရက် ဗီယက်နမ်နိုင်ငံ၏ (၁၆) ကြိမ်မြောက် အမျိုးသားလွှတ်တော်သည် ၂၀၂၆-၂၀၃၁ သက်တမ်းအတွက် ဒုတိယဝန်ကြီးချုပ် (၆) ဦး၊ ဝန်ကြီး (၁၇) ဦးနှင့် အခြားအစိုးရအဖွဲ့ဝင်များ ခန့်အပ်မှုကို အတည်ပြုသည့် ဆုံးဖြတ်ချက်များကို ဗုဒ္ဓဟူးနေ့တွင် ချမှတ်ခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။ ခန့်အပ်ခံရသော ဒုတိယဝန်ကြီးချုပ် (၆) ဦးမှာ Pham Gia Tuc၊ Phan Van Giang၊ Pham Thi Thanh Tra၊ Ho Quoc Dung၊...

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံ၌ ဆွမ်းတော်ဆက်ကပ်ခြင်းနှင့် မင်္ဂလာအခမ်းအနားများ ပြုလုပ်မည်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနှစ်သစ်မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ အခမ်းအနားကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပမည်ဖြစ်ပြီး မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။ ထို့နောက် မနက် ၅ နာရီခွဲတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေး သံဃာတော်များအား အရုဏ်ဆွမ်း...

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ လမ်းလျှောက်သင်္ကြန်ကျင်းပမည်

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ညောင်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်အတွက် ညောင်ဦးမြိုနယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာအနီး သရပါတံခါးမှ ဗူးဘုရားလမ်းဆုံအထိ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များဆောက်လုပ်လျက်ရှိရာ ရေကစားမ ဏ္ဍပ်များတည်ဆောက်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောက်လုပ်နေရာ၌ အမိုးပိုက်စိမ်းစများအုပ်မိုးခြင်း၊ ပုဂံထီး/ပုသိမ်ထီးအလှဆင်ခြင်းတို့ကို ညောင်ဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071