Monday, August 3, 2026

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science...

ရန်ကုန်၊ ဩဂုတ် ၃ တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း...
HomeNewsLocal Newsမဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ နေ့စဥ်ဆွမ်းခံကြွချီအပူဇော်ခံခြင်းအား မတ်...

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ နေ့စဥ်ဆွမ်းခံကြွချီအပူဇော်ခံခြင်းအား မတ် ၁၃ ရက်မှစတင်ရပ်နားမည်

(Unicode)

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ နေ့စဥ်ဆွမ်းခံကြွချီအပူဇော်ခံခြင်းအား မတ် ၁၃ ရက်မှစတင်ရပ်နားမည်

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ရှိ နတ်တလူသာ သနာပြုစခန်းတွင် သီတင်းသုံးနေထိုင်တော်မူသည့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် တပေါင်းလဆန်း ၁၂ ရက်(မတ် ၁၃ ရက်)မှစတင် ၍ နေ့စဥ်ဆွမ်းခံကြွချီအပူဇော်ခံခြင်းအား ရပ်နားမည်ဖြစ်ကြောင်း နတ်တလူသာသနာပြုစခန်းပြန် ကြားရေးအဖွဲ့မှ သိရသည်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ်၊ဝါဆိုလပြည့်ကျော် ၁ ရက်မှစတင်၍ သာသနာ့အကျိုးလောကကောင်းကျိုးအတွက် ၇ ရက်သားသမီးများ၏ ကုသိုလ်အကျိုးငှာ ဆွမ်းခံကြွချီ၍အပူဇော်ခံခဲ့သည်။

ထိုသို့ ကြွချီအပူဇော်ခံခြင်းအား ၁၃၈၃ ခုနှစ်၊ပဉ္စဝီသတိမ ၂၅ ကြိမ်မြောက်၊မင်းဘိသိက်ခံ မြတ် စွာဘုရား၏ တပေါင်းပွဲတော်ကျင်းပရန်ရှိ၍ ၁၃၈၃ ခုနှစ်၊တပေါင်းလဆန်း ၁၂ ရက်(မတ် ၁၃ ရက်)နေ့မှစတင်၍ ရပ်နားမည်ဖြစ်သည်ဟု နတ်တလူသာသနာပြုစခန်းပြန်ကြားရေးအဖွဲ့မှသိရသည်။

“တပေါင်းပွဲတော်ကျင်းပမှာဖြစ်တဲ့အတွက် ဆရာ တော်ကြီးဆွမ်းခံကြွတာကို ရပ်နားခြင်းဖြစ်ပါတယ် ဆရာတော်ကြီးက နေ့စဥ်မနက် ၇ နာရီတိတိမှာ ဆွမ်းခံကြွပါတယ် တပေါင်းပွဲတော်ပြီးရင် ဆွမ်းခံပြန်ကြွမယ် မကြွဘူးဆိုတာကတော့ ဆရာ တော်ကြီးကမမိန့်သေးတဲ့အတွက် ဘာမှပြောလို့မရသေးပါဘူး”ဟုနတ်တလူသာသနာပြု အသင်း အတွင်းရေးမှူးဦးခင်မောင်ဝင်းကပြောသည်။

နတ်တလူသာသနာပြုစခန်း၏ တပေါင်းလပြည့်နေ့၌ကျင်းပမည့် တပေါင်းပွဲတော်ကြီးတွင် ပင့်သံဃာတော် ၁၀၈ ပါးအား သံဃဒါနအလှူပွဲပြု လုပ်သွားမည်ဖြစ်ပြီး စာရေးတံမဲများဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။

“တပေါင်းပွဲတော်ကြီးကိုလာတဲ့ ဧည့်ပရိသတ်တွေကို စတုဒိသာကျွေးမွေးလှူဒါန်းသွားမှာပါ”ဟုအ တွင်းရေးမှူးဦးခင်မောင်ဝင်းကပြောသည်။

(Zawgyi)

မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး၏ ေန႔စဥ္ဆြမ္းခံႂကြခ်ီအပူေဇာ္ခံျခင္းအား မတ္ ၁၃ ရက္မွစတင္ရပ္နားမည္

စစ္ကိုင္းတိုင္း၊ကန္႔ဘလူၿမိဳ႕နယ္ရွိ နတ္တလူသာ သနာျပဳစခန္းတြင္ သီတင္းသုံးေနထိုင္ေတာ္မူသည့္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီးသည္ တေပါင္းလဆန္း ၁၂ ရက္(မတ္ ၁၃ ရက္)မွစတင္ ၍ ေန႔စဥ္ဆြမ္းခံႂကြခ်ီအပူေဇာ္ခံျခင္းအား ရပ္နားမည္ျဖစ္ေၾကာင္း နတ္တလူသာသနာျပဳစခန္းျပန္ ၾကားေရးအဖြဲ႕မွ သိရသည္။

မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီးသည္ ၁၃၈၃ ခုႏွစ္၊ဝါဆိုလျပည့္ေက်ာ္ ၁ ရက္မွစတင္၍ သာသနာ့အက်ိဳးေလာကေကာင္းက်ိဳးအတြက္ ၇ ရက္သားသမီးမ်ား၏ ကုသိုလ္အက်ိဳးငွာ ဆြမ္းခံႂကြခ်ီ၍အပူေဇာ္ခံခဲ့သည္။

ထိုသို႔ ႂကြခ်ီအပူေဇာ္ခံျခင္းအား ၁၃၈၃ ခုႏွစ္၊ပၪၥဝီသတိမ ၂၅ ႀကိမ္ေျမာက္၊မင္းဘိသိက္ခံ ျမတ္ စြာဘုရား၏ တေပါင္းပြဲေတာ္က်င္းပရန္ရွိ၍ ၁၃၈၃ ခုႏွစ္၊တေပါင္းလဆန္း ၁၂ ရက္(မတ္ ၁၃ ရက္)ေန႔မွစတင္၍ ရပ္နားမည္ျဖစ္သည္ဟု နတ္တလူသာသနာျပဳစခန္းျပန္ၾကားေရးအဖြဲ႕မွသိရသည္။

“တေပါင္းပြဲေတာ္က်င္းပမွာျဖစ္တဲ့အတြက္ ဆရာ ေတာ္ႀကီးဆြမ္းခံႂကြတာကို ရပ္နားျခင္းျဖစ္ပါတယ္ ဆရာေတာ္ႀကီးက ေန႔စဥ္မနက္ ၇ နာရီတိတိမွာ ဆြမ္းခံႂကြပါတယ္ တေပါင္းပြဲေတာ္ၿပီးရင္ ဆြမ္းခံျပန္ႂကြမယ္ မႂကြဘူးဆိုတာကေတာ့ ဆရာ ေတာ္ႀကီးကမမိန္႔ေသးတဲ့အတြက္ ဘာမွေျပာလို႔မရေသးပါဘူး”ဟုနတ္တလူသာသနာျပဳ အသင္း အတြင္းေရးမႉးဦးခင္ေမာင္ဝင္းကေျပာသည္။

နတ္တလူသာသနာျပဳစခန္း၏ တေပါင္းလျပည့္ေန႔၌က်င္းပမည့္ တေပါင္းပြဲေတာ္ႀကီးတြင္ ပင့္သံဃာေတာ္ ၁၀၈ ပါးအား သံဃဒါနအလႉပြဲျပဳ လုပ္သြားမည္ျဖစ္ၿပီး စာေရးတံမဲမ်ားဆက္ကပ္လႉဒါန္းသြားမည္ျဖစ္သည္။

“တေပါင္းပြဲေတာ္ႀကီးကိုလာတဲ့ ဧည့္ပရိသတ္ေတြကို စတုဒိသာေကြၽးေမြးလႉဒါန္းသြားမွာပါ”ဟုအ တြင္းေရးမႉးဦးခင္ေမာင္ဝင္းကေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

International Youth Day 2026 အတွက် အသိပညာပေး ဗီဒီယိုပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့် အသိပညာပေး အကြောင်းအရာများကို ဗီဒီယိုပြိုင်ပွဲအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Youth Stars Official Facebook စာမျက်နှာမှတစ်ဆင့် အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ပြိုင်ပွဲတွင် ဖုန်း၊ ကင်မရာ သို့မဟုတ် AI နညာများကို အသုံးပြု၍ နည်းလမ်းပေါင်းစုံဖြင့် ဖန်တီးယှဉ်ပြိုင်နိုင်ပြီး ဗီဒီယို ကြာမြင့်ချိန်ကို အနည်းဆုံး ၁ မိနစ်ခွဲမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071