Home News Local News မလေးရှားလေဆိပ်တွင် ၅ ရက်ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို နိုင်ငံသို့ ပြန်လာရန် ကူညီဆောင်ရွက်ပေးခဲ့

မလေးရှားလေဆိပ်တွင် ၅ ရက်ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို နိုင်ငံသို့ ပြန်လာရန် ကူညီဆောင်ရွက်ပေးခဲ့

0
149

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့  အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်ပြီး ၅ ရက်ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ နေရပ်ပြန်နိုင်ရေးအတွက် ကူညီပေးခဲ့ကြောင်း သိရသည်။

ကွာလာလမ်ပူမြို အပြည်ပြည်ဆိုင်ရာလေဆိပ်၌ transit ပြုလုပ်စဉ် လေယာဉ်ပေါ် အချိန်မီ မရောက်ရှိဘဲ မလေးရှားလေဆိပ်တွင် ၅ ရက် ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးအား မလေးရှားလေဆိပ်မှ တာဝန်ရှိသူများ၏ အကြောင်းကြားချက်အရ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ ဝန်ထမ်းများက သွားရောက်ခေါ်ယူစောင့်ရှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ  မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ အပြန်လေယာဉ်လက်မှတ်ခအပါအဝင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ(၃၀)ရက်နေ့တွင် မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ( MAI – 8M 504) ဖြင့် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here