Home News Local News မလေးရှားက၂၀၂၈ တွင် ပထမဆုံး လူသုံးကာကွယ်ဆေးထုတ်ရန် စီစဉ်

မလေးရှားက၂၀၂၈ တွင် ပထမဆုံး လူသုံးကာကွယ်ဆေးထုတ်ရန် စီစဉ်

0
82

        မလေးရှားနိုင်ငံသည် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် လူသုံးကာကွယ်ဆေးကို ထုတ်လုပ်ရန် စီစဉ်ထားသည်။
     ယင်းသည် ပြည်ပမှ တင်သွင်းသော ကာကွယ်ဆေးများအပေါ် မှီခိုရမှုကို လျှော့ချရန်နှင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အားကောင်းစေရန်အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်သည်။
       13-valent pneumococcal conjugate ကာကွယ်ဆေး သို့မဟုတ် PCV13 သည် အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြေးရောင်ရောဂါကဲ့သို့ ပြင်းထန်သောရောဂါများကို ဖြစ်စေသည့် Streptococcus pneumoniae ဘက်တီးရီးယား ၁၃ မျိုးမှ ကာကွယ်ပေးသည့် ထိုးဆေးဖြစ်သည်။
          ကာကွယ်ဆေးထုတ်လုပ်ရာတွင် ပါဝင်သော ပြည်တွင်းကုမ္ပဏီမှာ တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ နည်းပညာလွှဲပြောင်းပေးခဲ့သည့် Pharmaniaga ဖြစ်သည်။
      လက်ရှိတွင် မလေးရှားနိုင်ငံသည် ၎င်း၏ ကာကွယ်ဆေးအားလုံးကို အမေရိက၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းနှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများမှ တင်သွင်းသည်။
          PCV13 ပြည်တွင်း ထုတ်လုပ်မှုသည် အနာဂတ် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများအတွက် နိုင်ငံ၏ ပြင်ဆင်မှုကို အားကောင်းစေပြီး ရေရှည်တွင် နိုင်ငံခြားပေးသွင်းသူများအပေါ် မှီခိုရမှုကို လျှော့ချပေးမည်ဖြစ်ကြောင်း မလေးရှား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီး ချန်းလိချ်ကန်က သယ်စတားနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
       ကိုဗစ်-၁၉ ကပ်ရောဂါ က ကာကွယ်ဆေးများကဲ့သို့ အရေးကြီးသောနည်းပညာများတွင် ပြည်တွင်းစွမ်းဆောင်ရည်မရှိခြင်း၏ အန္တရာယ်များကို ပြသခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
      မိမိတို့၏ ရည်မှန်းချက်သည် ၂၀၃၀ ပြည့်နှစ်တွင် လူသုံး ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်းရှိရန်ဖြစ်ကြောင်း သို့သော်လည်း ၂၀၂၈ ခုနှစ်အရောက်တွင် စော၍ အောင်မြင်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
       မလေးရှားနိုင်ငံသည် လက်ရှိတွင် ကလေးများအတွက် hexavalent ကာကွယ်ဆေး အပါအဝင် ကာကွယ်ဆေးနှင့်ဆက်စပ်သော ဖွံ့ဖြိုးတိုးတက်မှုနှစ်ခုကို လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here