Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsမရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကို...

မရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကို ထိရောက်စွာကာကွယ်ဟန့်တားရမည်

မရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကို ထိရောက်စွာကာကွယ်ဟန့်တားရမည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၆ ရက်ကကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ဗီဒီယိုမိန့်ခွန်းပေးပို့ပြီးပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် ရှေးအစဉ်အဆက်မှစကာ ယနေ့အချိန်အထိ နိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိ၍ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများကိုထိန်း သိမ်းစောင့်ရှောက်မြှင့်တင်ရန်၊ ပြည်သူတစ်ရပ်လုံးကို တိုင်းရင်းဆေးနှင့် ကျန်းမာရေးပိုမိုစောင့်ရှောက်မှုပေးနိုင်ရန်၊ မြန်မာ့တိုင်းရင်းဆေးများ အဆင့်အတန်းမြင့်စေရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကိုဖွင့်လှစ်ပြီး မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်ဟု ပြောသည်။ ” အခုဆိုရင် တိုင်းရင်းဆေးပညာရပ်တွေ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးပညာရှင်တွေ ပိုမိုမွေးထုတ်ပေးနိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစပြီး တိုင်းရင်းဆေးပညာပါရဂူဘွဲ့ (ပထမအကြိမ်)သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြော သည်။ ထို့ကြောင့် အများပြည်သူများနေ့စဉ်သုံးစွဲနေသည့် တိုင်းရင်းဆေးဝါးများ ဘေးကင်းလုံခြုံစိတ်ချရပြီး အ ရည်အသွေးနှင့် အာနိသင်ပြည့်ဝသောဆေးဝါးများဖြစ်ရန်လို၍ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်သည်အရေးကြီးသဖြင့် ဓာတ်ခွဲခန်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးရန်လိုကာ မရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကိုလည်း ထိရောက်စွာကာကွယ်ဟန့်တားရမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြော သည်။ ” မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေကို အိမ်တွင်းစက်မှုလုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်မီကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနဲ့ အရည်အသွေးမြင့်ထုပ်ပိုးခြင်းတွေဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်နိုင်ပြီး ပြည် သူလူထုရဲ့ လူမှုစီးပွားဘဝတိုးတက်လာနိုင်မှာဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်၍ အဖွဲ့ဝင်နိုင်ငံများကြားတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေသကဲ့သို့ တိုင်းရင်းဆေးကဏ္ဍများတွင်လည်း အား တက်သရောပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး အာဆီယံစီးပွားရေးအသိုက်အဝန်း၏ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာများကဏ္ဍတွင် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရန်၊ နည်းပညာလိုအပ်ချက်များ၊ လမ်းညွှန်ချက်များ တစ်သ မတ်တည်းဖြစ်စေရန်နှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071