Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsLocal Newsမန္တလေး၌ လျှပ်စစ်လိုင်းကြိုးခိုးယူသူ ၃...

မန္တလေး၌ လျှပ်စစ်လိုင်းကြိုးခိုးယူသူ ၃ ဦးကို ဖမ်းဆီးရမိ၊ ပြ-တ်တေ-ာက်သွားသည့် ဓာတ်အားကို ၄ နာရီအတွင်း ပြန်လည်ဖြန့်ဖြူးနိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများကို ဖြ-တ်တေ-ာက်ခိုးယူသူ (၃) ဦးအား တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ထံမှ သိရသည်။ ဖြစ်စဉ်နှင့် ဖမ်းဆီးရမိမှု ဧပြီလ ၃၀ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၆၇ လမ်းနှင့် ၁၀၂ လမ်းထောင့်၌ အမျိုးသား ၃ ဦးက လျှပ်စစ်လိုင်းကြိုးများကို ဖြ-တ်တေ-ာက်နေကြောင်း သတင်းရရှိသဖြင့် ၆၅ လမ်း ဓာတ်အားခွဲရုံမှ တာဝန်ကျဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့သည်။ အခင်းဖြစ်နေရာတွင် HDBC No.(4) အမျိုးအစား ၄၀၀ ဗို့ လိုင်းကြိုး ပေ (၁၀၀) ခန့်စီရှိသည့် ကြိုး ၄ ချောင်းအား ဖြ-တ်တေ-ာက်နေသူများကို တွေ့ရှိရသဖြင့် ဖမ်းဆီးကာ အမှတ် (၁၁) နယ်မြေရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ကာ အမှုဖွင့် အရေးယူခဲ့သည်။ အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးမှု လိုင်းကြိုးများ ခိုးယူခံရမှုကြောင့် ဓာတ်အားပြ-တ်တေ-ာက်သွားသည့် နေရာများသို့ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဆယ်တင်ပစ္စည်းများဖြင့် အမြန်ဆုံး အစားထိုးလဲလှယ်ပေးခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ MESC မှ မေတ္တာရပ်ခံချက် လျှပ်စစ်အခြေခံအဆောက်အအုံများကို ဖျ-က်ဆီးခိုးယူခြင်းသည် ရပ်ကွက်အတွင်း ဓာတ်အားပြတ်တောက်မှုနှင့် မီးဘေးအန္တရာယ်ကို တို-က်ရို-က်ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သံသယဖြစ်ဖွယ် ဖြတ်တောက်မှုများတွေ့ရှိပါက တာဝန်သိစွာ သတင်းပေးရန်။ တာဝန်ရှိသူမဟုတ်ဘဲ လိုင်းကြိုးကိုင်တွယ်သူများကို တွေ့ရှိပါက MESC ၏ Hot Line ဖုန်းနံပါတ် 1616 သို့ ဆက်သွယ်အကြောင်းကြားရန်။ လျှပ်စစ်ပစ္စည်းများကို ခိုးယူဖျ-က်ဆီးခြင်းသည် ပြင်းထန်သောပြစ်ဒ-ဏ်များ ကျခံရနိုင်သည့်အပြင် လူထု၏နေ့စဉ်ဘဝကို ထိခိုက်စေသဖြင့် ဝိုင်းဝန်းကာကွယ်ကြရန် လိုအပ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071