မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဥ်မတော်တဆဖြစ်မှုအတွက် ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီ)ထံမှ သိရသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်စီမံခန့်ခွဲရေး MC-Jalux Airport Service Co.,Ltd တို့ကြား အရေးပေါ်အခြေအနေတစ်ရပ်ရပ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူနာတင်ယာဥ်ထောက်ပံ့ပေးနိုင်ရေး နားလည်မှု စာချွန်လွှာအရ ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်ခြင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီ)မှ အဖွဲ့ဝင်(၃၀) ဦးပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ဇာတ်တိုက်လေ့ကျင်ရာ၌ မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး ကော်မ တီ)၏အဖွဲ့ဝင်များက လေယာဥ်မတော်တဆမှု ဖြစ်စဥ်ကြောင့် ဒဏ်ရာရရှိသူများကို ဒဏ်ရာအ လိုက်အဆင့်ခွဲခြားသတ်မှတ်ပေးခြင်းတို့ကို ပူး ပေါင်းလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အရေးပေါ်ကုသရန်လိုအပ်သောလူနာများကို ရှေးဦးပြုစုကုသပေးခြင်း၊ သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ပေးခြင်းတို့ကို ပူးပေါင်းပါဝင်လေ့ကျင်ခဲ့ကြကြောင်း သိရသည်။
