Saturday, August 1, 2026

Esports ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံမှ...

YG ဟာ Team Falcons PH နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Semifinal ပွဲစဉ်မှာတော့ 3:2 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား...

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး...

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့်...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC...

နေပြည်တော်၊ ဩဂုတ် ၁ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁...

အီတလီတွင် ပြင်းအား ၄ ဒဿမ...

သောကြာနေ့က အီတလီနိုင်ငံ နာပိုလီ (နေပယ်)မြို့အနီးရှိ ကမ်ပီဖလက်ရိုင်းဒေသတွင် သောကြာနေ့က ပြင်းအား ၄ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်မှုများဖြစ်ခဲ့ကာ...
HomeNewsLocal Newsမန္တလေးရှိ အရှေ့တောင်အာရှ၏ ပထမဆုံး...

မန္တလေးရှိ အရှေ့တောင်အာရှ၏ ပထမဆုံး အခမဲ့အမျိုးသမီးဘောလုံးအကယ်ဒမီတွင် ကျောင်းသူ ၅၁ ဦး လေ့ကျင့်သင်ကြားလျက်ရှိ

မန္တလေး၊ ဩဂုတ် ၁ အရှေ့တောင်အာရှ၏ ပထမဆုံး အခမဲ့အမျိုးသမီးဘောလုံးအကယ်ဒမီဖြစ်သည့် မြန်မာအမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) တွင် နယ်ဒေသအသီးသီးမှ ရွေးချယ်ထားသည့် အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသူ ၅၁ ဦး လေ့ကျင့်သင်ကြားလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အကယ်ဒမီသို့ သွားရောက်ကာ အဆောက်အအုံများ၊ လေ့ကျင့်ရေးကွင်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသူများနှင့် တွေ့ဆုံအားပေးခဲ့သည်။ လက်ရှိတွင် ကျောင်းသူများကို မြန်မာ့လက်ရွေးစင်ဟောင်း ဒေါ်သန်းသန်းထွေးနှင့် နည်းပြအဖွဲ့က ဘောလုံးပညာရပ်များ သင်ကြားပေးလျက်ရှိပြီး ပညာရေးပိုင်းအတွက် Grade 8 နှင့် Grade 9 ကျောင်းသူများကို အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) တွင်၊ Grade 5 မှ Grade 7 ကျောင်းသူများကို ချမ်းမြသာစည်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၃) တွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ တွေ့ဆုံစဉ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က လာမည့် သုံးနှစ်အတွင်း အာရှ U-17 ခြေစစ်ပွဲများနှင့် အာဆီယံ U-16 ပြိုင်ပွဲများတွင် အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ ထို့နောက် FIFA အမျိုးသမီး U-17 နှင့် U-20 ကမ္ဘာ့ဖလား ခြေစစ်ပွဲများအထိ တက်လှမ်းနိုင်ရေးကို ရည်မှန်းထားကြောင်း ပြောကြားပြီး ကျောင်းသူများအား စည်းကမ်းရှိရှိနှင့် အာရုံစိုက်လေ့ကျင့်ကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် ကျောင်းသူများ၏ လေ့ကျင့်ရေးပိုမိုကောင်းမွန်စေရန် မန္တလေးဘောလုံးအကယ်ဒမီအတွင်းရှိ လေ့ကျင့်ရေးကွင်း နှစ်ကွင်းကို ဧရာဝတီဖောင်ဒေးရှင်းက ကျပ်သိန်း ၈,၀၀၀ ကျော် အကုန်အကျခံ၍ ပြုပြင်မွမ်းမံပေးလျက်ရှိကြောင်း သိရသည်။ မြန်မာအမျိုးသမီးဘောလုံးအကယ်ဒမီကို FIFA နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အရှေ့တောင်အာရှတွင် အခမဲ့တက်ရောက်နိုင်သည့် ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Esports ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံမှ YG MLBB အသင်း တက်ရောက်ကာ ကမ္ဘာ့ချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိ

YG ဟာ Team Falcons PH နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Semifinal ပွဲစဉ်မှာတော့ 3:2 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပြီပဲ ဖြစ်ပါတယ်။ August လ (၁)ရက်နေ့မှာတော့ Grand Finals ပွဲစဉ်ကို ယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် မြန်မာအသင်း YG ကို တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစွာအားပေးကြရမှာပဲဖြစ်ပါတယ်။ MLBBEsports #MobileLegends #YangonGalacticos

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး သုတေသနစမ်းသပ်အောင်မြင်

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့် ဆေးဝါးများတွင် ဆီးချိုရောဂါကုသဆေး (၂) မျိုး၊ ကိုယ်ခံအားကျဆင်းမှုကူးစက်ရောဂါ (HIV) ကုသဆေး (၁) မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး (၁) မျိုး၊ ကင်ဆာရောဂါကုသဆေး (၁) မျိုးနှင့် မေ့ဆေး (၁) မျိုးတို့ ပါဝင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း သုတေသနဌာနတွင် ယမန်နေ့က ကျင်းပသည့် အခမ်းအနား၌...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC ဥက္ကဋ္ဌ ပြောကြား

နေပြည်တော်၊ ဩဂုတ် ၁ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပြီး လိုအပ်သည့် အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071