Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsမန္တလေးမြို့ပေါ်ရှိသင်္ကြန်မဏ္ဍပ်များအား ဖောက်ခွဲဖျက်ဆီးရန်စီစဉ်နေသည့် Special...

မန္တလေးမြို့ပေါ်ရှိသင်္ကြန်မဏ္ဍပ်များအား ဖောက်ခွဲဖျက်ဆီးရန်စီစဉ်နေသည့် Special Task Force – STF PDF အဖွဲ့ဝင် ၄ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူဖမ်းမိ

သင်္ကြန်ကာလအတွင်း၌ မန္တလေးမြို့ပေါ်ရှိ မဏ္ဍပ်များအား ဖောက်ခွဲဖျက်ဆီးရန်စီစဥ်နေသည့် Special Task Force – STF PDF အဖွဲ့ဝင် ၄ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ ဧပြီ ၆ ရက်မှစတင်၍ လုံခြုံရေးအဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် Special Task Force – STF PDF အဖွဲ့ဝင်ဖြစ်သည့် ဇော်မင်းသိန်း(ခ)မြတ်သူအား ဧပြီ ၆ ရက်ညပိုင်းက ချမ်းမြသာစည်မြို့ နယ်၊ကန်သာယာရပ်ကွက်၊ ၄၇ လမ်းနှင့် ၄၈ လမ်း ကြား၊ ၁၁၇(E)လမ်းရှိ မြရည်နန္ဒာအိမ်ရာတွင် စတင်ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ဧပြီ ၇ ရက်နံနက်ပိုင်းတွင် Special Task Force – STF PDF အဖွဲ့ခေါင်းဆောင် အီဗန်အားဖမ်းဆီးရန် ချမ်းအေးသာဇံမြို့နယ်၊ ၇၂ လမ်း၊ ၃၉ လမ်းနှင့်လမ်း ၄၀ ကြားရှိ “ငြိမ်းသာယာ”အဆောင်ကိုဝင်ရောက်စစ်ဆေးရာ အဖွဲ့ခေါင်းဆောင် အီဗန်အားမတွေ့ရှိရဘဲ အဖွဲ့ဝင်များဖြစ်သည့် နန်းမျိုးအောင်နှင့်ရှိုင်းဝဏ္ဏထွန်း(ခ) ရှိုင်းရှိုင်း(ခ)ကတုံးတို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဧပြီ ၈ ရက်နံနက်ပိုင်းတွင်လည်း Royal Phoenix Guerilla Force PDF အဖွဲ့ဝင်များနှင့် Special Task Force – STF PDF အဖွဲ့ဝင်များ စစ်ကိုင်းမြို့နယ်၊အုတ်ဖိုကျေးရွာစာသင်ကျောင်းနှင့်ကျေးရွာအနီးပတ်ဝန်းကျင်တစ်ဝိုက်တွင်ရောက်ရှိနေ၍ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာမှ ပြည်ကြီးတံခွန်မြို့နယ်နေ သော်တာထွန်းအားထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်မှ အမျိုးသား ၄ ဦးအား Glock ပစ္စတို ၁ လက်၊ FGC- 9 ၁ လက်၊လက်လုပ်သေနတ် ၁၁ လက်၊လက်လုပ်ပစ္စတို ၃ လက်၊လက်လုပ် စိန်ပြောင်း ၁ လက်၊ကျည်အိမ် ၆ ခု၊ ၉ မမကျည် ၁၃ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၅ တောင့်၊ကျည်မျိုးစုံ ၁၁၅ တောင့်၊တရုတ်လက်ပစ်ဗုံး ၈၁ လုံး၊ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊လက်လုပ်စိန်ပြောင်းဗုံးသီး ၂၈ လုံး၊လက်လုပ်မိုင်း ၁၅ လုံး၊လက်လုပ် Drop ဗုံး ၅ လုံး၊ယမ်းမှုန့် ၂၀ ပိဿာ၊ယမ်းကြိုး ၇၀ ပေ၊ဒီတိုနေတာ ၁၀၀ ချောင်း၊မှန်ပြောင်း ၁ လက်၊ကျည်ကာအင်္ကျီ ၁ ထည်၊ကျည်ကာဦးထုပ် ၁ လုံး၊လမ်း လျှောက်စကားပြောစက် ၄ လုံး၊ပြောက်ကျားယူနီဖောင်း ၆၀ စုံ၊ပြောက်ကျားလည်တိုဖိနပ် ၂၀ ရံ၊ဆေးပစ္စည်းမျိုးစုံ ၂ ဖာ၊ဆိုင်ကယ် ၉ စီး၊သံဖြတ်စက်/ဖောက်စက် ၇ လုံး၊လက်ထိပ် ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ မန္တလေးမြို့ပေါ်၌ ၎င်းတို့ကျူးလွန်ခဲ့သည့် လုပ်ကြံသတ်ဖြတ်ခဲ့မှုများနှင့်ဖောက်ခွဲဖျက်ဆီးခဲ့မှုများ၊သင်္ကြန်ကာလ၌ မန္တလာသီရိဘောလုံးကွင်းအနောက်ဘက် Ocean Supercenter အနီးရှိရေကစားမဏ္ဍပ်နေရာ၊မန္တလေးနန်းတွင်းကျုံးရှေ့သင်္ကြန်မဏ္ဍပ်နေရာများ၊သင်္ကြန်ကာလအတွင်းလူစည်ကားသည့် နေရာများ၊မန္တလေးမြို့၊မြနန်းစံကျော်ရွှေနန်းတော်အား Drone အသုံးပြု၍ Drop Bomb ချတိုက်ခိုက်မှုပြုလုပ်နိုင်ရန် နန်းတော်၏ ၁ မိုင်ပတ်လည်အတွင်းရှိ နေရာ ၃ ခုအားရွေးချယ်ထားသည်တို့ကိုလည်းဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့်ဖမ်းဆီးရန်ကျန်ရှိသူများအား အမြန်ဆုံးဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071