Tuesday, December 16, 2025

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က...

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများ တရားရုံးပြင်ပတွင် ရှေ့နေအဖြစ်လုပ်ကိုင်နေခြင်းကို...

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံးတွင် ရှေ့နေတစ်ဦးသဖွယ် လိုက်ပါဆောင်ရွက်နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံးပြင်ပတွင် လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း...

သဇင်ပန်းများ ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်လာ

ယခုရက်ပိုင်းအတွင်း စျေးကွက်အတွင်းသို့ သဇင်ပန်းများဝင်ရောက်လာပြီဖြစ်သလို ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်နေကြောင်း အလှပန်းမျိုးစုံရောင်းဝယ်သူများထံမှ သိရသည်။ ယမန်နှစ်တွင် အခက်သေးတစ်ခက်လျှင် (၃၀၀၀/၄၀၀၀) ကျပ်ရှိရာမှ ယခုအခါ (၇၀၀၀/၈၀၀၀)...
HomeNewsLocal Newsမန္တလေးမြို့ပတ် RBE ရထား...

မန္တလေးမြို့ပတ် RBE ရထား ပြန်လည်ပြေးဆွဲ

မန္တလေးမြို့ပတ် RBE ရထား ပြန်လည်ပြေးဆွဲ

မန္တလေး-သူရဲဈေး ရထားလမ်းပိုင်းတွင် မန္တလေးမြို့ပတ် RBE ရထားစတင်ပြေးဆွဲခြင်းကို မတ်လ ၂၅ရက်ကစပြီး ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။

မြို့ပါတ်ရထားပြေးဆွဲရာတွင် အမှတ်(မ-၄၁)အဆန် RBE ရထားသည် မန္တလေးဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ သူရဲဈေးဘူတာသို့ နံနက် ၉ နာရီတွင်လည်းကောင်း၊ အမှတ်(မ-၄၂)အစုန် RBE ရထားသည် သူရဲဈေးဘူတာမှ နေ့လယ် ၂ နာရီတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၄ နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်ကာ အသွား/အပြန် ပြေးဆွဲပေးသွားမည်ဟုသိရသည်။ ရှမ်းစုဘူတာ၊ မြို့ဟောင်းဘူတာ၊ သိုးခြံဘူတာ၊ ကန်သာယာဘူတာ၊ အောင်ပင်လယ်ဘူတာ၊ ယာဉ်ပျံဘူတာ၊ အိုးဘိုဘူတာနှင့် သူရဲဈေးဘူတာတို့၌ ရပ်တန့်ပေးသွားရန်လည်းရှိကာ စီးနင်းလိုက်ပါမည့်ခရီးသည် တစ်ဦးလျှင် ၂၀၀ ကျပ် နှုန်းဖြင့် အသွား/အပြန် ၄၀၀ကျပ်နှုန်း သတ်မှတ်ထားသည်ဟု မြန်မာ့မီးရထားမှ သိရသည်။

မန္တလေးမြို့ပတ်ရထား (မန္တလေး-သရဲဈေး) ခရီးစဉ်ပြေးဆွဲခြင်းကို ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ ယာယီရပ်နားထားပြီး ယခုလိုအပ်ချက်ကြောင့် ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောပြသည်။

မန္တလေးမြို့၏ တိုးတက်များပြားလာသောလူဦးရေနှင့် တိုးချဲ့လာသည့် မြို့ပြ၏ အခြေအနေများကြောင့် မရှိမဖြစ်လိုအပ်လာခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာခြင်းထက် မြို့ပတ်ရထားဖြင့်ခရီးသွားပါက ကုန်ကျစရိတ် ပိုမိုသက်သာနိုင်ပြီး ပြည်သူများမန္တလေးမြို့အတွင်း အဆင်ပြေစွာခရီးသွားလာနိုင်ရေးအတွက် ရထားအား ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူများက ဆိုထားသည်။

Zaw Gyi

မႏၲေလးၿမိဳ႕ပတ္ RBE ရထား ျပန္လည္ေျပးဆြဲ

မႏၲေလး-သူရဲေဈး ရထားလမ္းပိုင္းတြင္ မႏၲေလးၿမိဳ႕ပတ္ RBE ရထားစတင္ေျပးဆြဲျခင္းကို မတ္လ ၂၅ရက္ကစၿပီး ျပန္လည္ျပဳလုပ္ေနၿပီျဖစ္သည္။

ၿမိဳ႕ပါတ္ရထားေျပးဆြဲရာတြင္ အမွတ္(မ-၄၁)အဆန္ RBE ရထားသည္ မႏၲေလးဘူတာမွ နံနက္ ၇ နာရီတြင္ ထြက္ခြာ၍ သူရဲေဈးဘူတာသို႔ နံနက္ ၉ နာရီတြင္လည္းေကာင္း၊ အမွတ္(မ-၄၂)အစုန္ RBE ရထားသည္ သူရဲေဈးဘူတာမွ ေန႔လယ္ ၂ နာရီတြင္ ထြက္ခြာ၍ မႏၲေလးဘူတာသို႔ ညေန ၄ နာရီတြင္လည္းေကာင္း အသီးသီးေရာက္ရွိမည္ျဖစ္ကာ အသြား/အျပန္ ေျပးဆြဲေပးသြားမည္ဟုသိရသည္။ ရွမ္းစုဘူတာ၊ ၿမိဳ႕ေဟာင္းဘူတာ၊ သိုးၿခံဘူတာ၊ ကန္သာယာဘူတာ၊ ေအာင္ပင္လယ္ဘူတာ၊ ယာဥ္ပ်ံဘူတာ၊ အိုးဘိုဘူတာႏွင့္ သူရဲေဈးဘူတာတို႔၌ ရပ္တန႔္ေပးသြားရန္လည္းရွိကာ စီးနင္းလိုက္ပါမည့္ခရီးသည္ တစ္ဦးလွ်င္ ၂၀၀ က်ပ္ ႏႈန္းျဖင့္ အသြား/အျပန္ ၄၀၀က်ပ္ႏႈန္း သတ္မွတ္ထားသည္ဟု ျမန္မာ့မီးရထားမွ သိရသည္။

မႏၲေလးၿမိဳ႕ပတ္ရထား (မႏၲေလး-သရဲေဈး) ခရီးစဥ္ေျပးဆြဲျခင္းကို ကိုဗစ္-၁၉ကပ္ေရာဂါေၾကာင့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၉ ရက္မွစ၍ ယာယီရပ္နားထားၿပီး ယခုလိုအပ္ခ်က္ေၾကာင့္ ျပန္လည္ေျပးဆြဲျခင္းျဖစ္သည္ဟု တာဝန္ရွိသူမ်ားကေျပာျပသည္။

မႏၲေလးၿမိဳ႕၏ တိုးတက္မ်ားျပားလာေသာလူဦးေရႏွင့္ တိုးခ်ဲ႕လာသည့္ ၿမိဳ႕ျပ၏ အေျခအေနမ်ားေၾကာင့္ မရွိမျဖစ္လိုအပ္လာျခင္း၊ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားျဖင့္ သြားလာျခင္းထက္ ၿမိဳ႕ပတ္ရထားျဖင့္ခရီးသြားပါက ကုန္က်စရိတ္ ပိုမိုသက္သာႏိုင္ၿပီး ျပည္သူမ်ားမႏၲေလးၿမိဳ႕အတြင္း အဆင္ေျပစြာခရီးသြားလာႏိုင္ေရးအတြက္ ရထားအား ျပန္လည္ေျပးဆြဲေပးခဲ့ျခင္းျဖစ္သည္ဟုလည္း တာဝန္ရွိသူမ်ားက ဆိုထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည်။ ကမ္ဘောဒီးယားတပ်များသည် ထိုင်းနယ်မြေအတွင်းရှိ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများသုံးကာ တို-က်ခို-က်နေသဖြင့် လိုအပ်ချက်အရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေဒမ် ဆူရာဆန့် ကွန်ဆရီက ပြောကြားခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းမိန့်ထုတ်ရခြင်း၏ အဓိကအကြောင်းရင်းသည် လာအိုမှတဆင့် တင်ပို့လိုက်သော လောင်စာဆီနှင့် ပစ္စည်းကိရိယာများကို စစ်ရေးကိစ္စရပ်များ အတွက်အသုံးပြုရန် ကမ္ဘောဒီးယားသို့ ပေးပို့နေကြောင်း ထောက်လှမ်းရေးသတင်းများက ဖေါ်ပြနေသောကြောင့်ဖြစ်ကြောင်း...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၆ ရက်က အသိပေးခဲ့သည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီဟု သတင်းမှားများထုတ်လွှင့်နေခြင်းသည် မကြာမှီကျင်းပမည့် ရွေးကောက်ပွဲအားနှောင့်ယှက်လို၍ အချိန်ကိုက်လုပ်ကြံဖြန့်ဝေနေခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများ တရားရုံးပြင်ပတွင် ရှေ့နေအဖြစ်လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံးတွင် ရှေ့နေတစ်ဦးသဖွယ် လိုက်ပါဆောင်ရွက်နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံးပြင်ပတွင် လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ခင်မေရီက ပြောသည်။ လက်ရှိ ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိင်းအစည်းအဝေး ကိုလည်း ယမန်နေ့က ကျင်းပခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုပြင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်မရှိဘဲ အမှုဆက်လက်လိုက်ပါ ဆောင်ရွက်နေခြင်းကို တားဆီးနိုင်ရန်၊ အမှုပွဲစားများအပေါ် ထိရောက်သော ပြစ်ဒ-ဏ်များ ချမှတ်နိုင်ရန်အတွက်လည်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဒေါ်ခင်မေရီက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071