မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
“မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊ အိမ်ကပြေးဆင်းကြရတယ်” ဟု ကြုံတွေ့ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။
လှုပ်ခတ်ခဲ့သော ငလျင်သည် စက္ကန့်ပိုင်းသာ ကြာမြင့်သောလည်း လှုပ်ခတ်မှု အရှိန်ပြင်းထန်ကြောင်းလည်း ယင်းမြို့ခံကပင် ပြောသည်။
မိုးဇလက နောက်ဆက်တွဲမြေငလျင်သတင်းအမှတ်စဉ် -၂၇၃အဖြစ် ထုတ်ပြန်ထားပြီး ပုသိမ်ကြီးမြို့နယ်၏ အနောက်မြောက်ဘက် (၃) မိုင်ခန့်ဟု ဆိုသည်။
အင်အားပမာဏ – ၃.၉ ရစ်(ခ်) တာစကေး ၊ အနက် – ၅ ကီလိုမီတာ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
